Home
မြန်မာသတင်း
ထိုင်းကို တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား အယောက်  ၂၀  ဖမ်းဆီးခံရ 
DVB
·
July 26, 2024
Photo Crd-Siamrath

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆလာပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ ကို ထိုင်းပွဲစား ၃ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆယမ်ရတ် ထိုင်းသတင်းမှာ ဖော် ပြပါတယ်။

ဇူလိုင် ၂၅ ရက် က တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ဘက်ကနေ တရားမဝင် အလုပ်သမားတွေ တင်ဆောင်တဲ့ကား ၂ စီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက် ဝင်ရောက်သွားကြောင်း သတင်းရလို့ အဝေးပြေးလမ်းရဲတပ်ဖွဲ့ဝင်တွေဟာ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးနေခဲ့တယ်လို့  နယ်မြေခံ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီနောက် ဆလာပူရီခရိုင်၊ ချလိုမ်ဖရကစ်မြို့နယ်၊ ဟွေ့ပုန်ရပ်ကွက်အပိုင်းထဲကို ဝင် ရောက်လာတဲ့ အနက်ရောင် ဖို့ဒ်မော်တော်ကား ၁ စီး နဲ့ ငွေရောင်တိုယိုတာ ဟိုင်းလပ်ကား ၁ စီး ပေါ်ကနေ တရားမဝင် မြန်မာအမျိုးသား ၁၅ ဦး ၊ အမျိုးသမီး ၅ ဦး တို့ကို ဖမ်းမိခဲ့တယ်၊  ဒါအပြင် သူတို့ကိုတင်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်း ၂ ဦးနဲ့ အဖော် ၁ ဦး ပေါင်း ၃ ဦးတို့ပါ အဖမ်းခံရတယ်လို့ ဆိုပါတယ်။

အဆိုပါမြန်မာနိုင်ငံသားတွေဟာ မြန်မာပြည်ကနေ ဘန်ကောက်မှာအလုပ်သွားလုပ်ဖို့ ပွဲစားကို တယောက် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ ထိ ပေးခဲ့ရတယ်၊  ကားသမားကတော့ သူတို့ကို ၁ ဦးလျှင် ဘတ် ၅၀၀ နှုန်းနဲ့ မဲဆောက်ကနေ ဘန်ကောက်ထိပို့ပေးဖို့  ပွဲစားက ဆက်သွယ်တာကြောင့် တင်ဆောင်လာတာလို့ ပြောပါတယ်။

တာဝန်ရှိသူတွေက ထိုင်း ၃ ဦးကို တရားမဝင်နိုင်ငံခြားသားတင်ဆောင်မှု၊ သူတို့အ ဖမ်းမခံရအောင် ကူညီအားပေးမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး ဖမ်းမိတဲ့မြန်မာနိုင်ငံသား အယောက် ၂၀ ကိုလည်း တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူပြီး ပြည်နှင်ဒဏ်ပေးမယ်လို့  တာဝန်ရှိသူက ပြောပါတယ်။ 

Source: Siamrath 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013