တရုတ်နဲ့ ရုရှားတို့ နှစ်စဉ် စစ်ဘက်ထိတွေ့ရေး အစီအစဉ်အရ အလာစကာပြည်နယ်အနီး ဘယ်ရင်ပင်လယ်ပေါ်က ကောင်းကင်မှာ ဗျူဟာမြောက် ပူးတွဲ လေကြောင်း ကင်းလှည့်နေတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ချန်ရှောင်းဂံက ပြောပါတယ်။
၂ နိုင်ငံ စစ်တပ်တွေကြား ညှိနှိုင်းဆောင်ရွက်ရေးနဲ့ ဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေပြီး ဘယ်တတိယနိုင်ငံကိုမှ ပစ်မှတ်မထားဘူးလို့ ချန်ရှောင်းဂံက ပြောပါတယ်။
လက်ရှိ နိုင်ငံတကာ အခင်းအကျင်းနဲ့ သူတို့ရဲ့ ပူးတွဲကင်းလှည့်မှုက မပတ်သက်ဘူးလို့လည်း ချန်က ပြောပါတယ်။
ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေဟာ အမေရိကန်နိုင်ငံ အလာစကာပြည်နယ်နားမှာ ပူးတွဲ ကင်းလှည့်နေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအခြေစိုက် နိုင်ငံပိုင် ရီယာသတင်းဌာနက ထုတ်ပြန်ပါတယ်။
လေယာဉ်တွေဟာ တခြားနိုင်ငံတွေရဲ့ လေပိုင်နက်ကို မချိုးဖောက်ခဲ့ဘူးလို့လည်း ရီယာက ပြောပါတယ်။
Source-Reuters