Home
နိုင်ငံတကာ
ထိုင်းတွင် လူကြီးကြိုက်ဖျော်ဖြေရေး တရားဝင်ခွင့်ပြုရန် Move Forward ပါတီ ကြိုးပမ်း
DVB
·
July 22, 2024
Photo - Reuters

အပြာကားတွေနဲ့ လိင်အရုပ်တွေလို လူကြီးကြိုက် ဖျော်ဖြေရေးကဏ္ဍနဲ့ ဆက်စပ်ပစ္စည်းတွေကို တရားဝင်ခွင့်ပြုနိုင်ရေး ထိုင်းရာဇသတ်ကြီးဥပဒေပုဒ်မကို ပြင်ဆင်ဖို့ Move Forward Party (MFP) က အဆိုပြုလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မကြားဝံ့မနာသာလို့ သတ်မှတ်ထားကြတဲ့ အစဉ်အလာကို ချိုးဖျက်ဖို့နဲ့ ဒီလုပ်ငန်းနယ်ပယ်ကို စနစ်တကျ ထိန်းကျောင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဒီအဆိုပြုလွှာကို လွှတ်တော်တင်ခဲ့တဲ့ MFP ရဲ့ လွှတ်တော်အမတ် တောင်ပီဖော့ဖ် လင်မ်ဂျစ်ထရာကွန်းက ဒီဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ရှေ့လာမယ့် တပတ် နှစ်ပတ်အတွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အပြာပုံရိပ်တွေနဲ့ လိင်အရုပ်တွေ အပါအဝင် လူကြီးကြိုက် ဖျော်ဖြေရေး ပစ္စည်းတွေဟာ ပြစ်မှုဆိုင်ရာ ဥပဒေလို့လည်းခေါ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၂၈၇ အရ ပိတ်ပင်တားမြစ်ထားပါတယ်။

အခုပြင်ဆင်ချက်သာ အတည်ပြုနိုင်ရင်တော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အဓမ္မပြုကျင့်တာနဲ့ သက်ငယ်မုဒိမ်းလို ကိစ္စမျိုးတွေနဲ့ ပတ်သက်တဲ့ဟာတွေပဲ ပိတ်ပင်သွားတော့မှာ ဖြစ်ပါတယ်။

ပြင်ဆင်ချက်အရ အသက် ၂၀ အောက်တွေကိုတော့ ဒီလို လူကြီးကြိုက်ဇာတ်ကားတွေ ရိုက်ကူးမှုမှာ ပါဝင်ခွင့် ပိတ်ထားမှာဖြစ်ပါတယ်။

လိင်အရုပ်တွေကိုလည်း ထိုင်းစက်မှုစံနှုန်းအင်စတီကျုနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA) အတည်ပြုချက် ရယူပြီး တရားဝင်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

လူတွေက ဟန်ဆောင်နေတာ ရပ်သင့်တယ်၊ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ အဆိုပြုတဲ့ MFP အမတ်က ပြောပါတယ်။

ဒီလိုပြင်ဆင်တာဟာ ထိုင်းလူငယ်တွေအတွက် လွယ်သွားအောင်လုပ်ပေးတာ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ဥပဒေနဲ့အညီ စည်းကမ်းထိန်းဖို့လုပ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013