Home
မြန်မာသတင်း
စဉ့်ကူးမြို့နယ်ကို သိမ်းပိုက်နိုင်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်
DVB
·
July 20, 2024
Photo Crd-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ပြီး စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်ဦးစီးအဖွဲ့က ဒီနေ့ ဇူလိုင် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီကင်းစင်သွားတဲ့ စဉ့်ကူးမြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူတဲ့ မြို့ဖြစ်လာတယ်လို့ ဆိုပါတယ်။

စဉ့်ကူးစစ်ဆင်ရေးကနေ သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်ကလည်း ထိုက်သင့်တဲ့ ပေးဆပ်မှုတချို့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စဉ့်ကူးစစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ် လုပ်ခဲ့သောကြောင့် မြို့နေဧရိယာတွေ၊ အရပ်သားပြည်သူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013