Home
မြန်မာသတင်း
မန္တလေး Mytel ရုံးချုပ် တိုက်ခိုက်ခံရပြီး ပြည်သူ့စစ် ၂ ဦးသေဆုံး
DVB
·
July 20, 2024

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနဲ့ ၃၈ လမ်းကြားရှိ စစ်ကောင်စီ လုံခြုံရေးယူပေးထားတဲ့ Mytel ရုံးချုပ်မှာ  ဇူလိုင် ၁၉ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဝရဇိန် ဒုတိယအကြိမ်မြောက် အထူးစစ်ဆင်ရေးအဖြစ် မန္တလေး Mytel ရုံးချုပ်ကို ဒီနေ့ ဇူလိုင် ၁၉ ရက် မနက် ၄ နာရီလောက်က အသေခံဒရုန်း Suicide Drone နဲ့ တိုက်ခိုက်ခဲ့ရာမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတာလို့ Eagle Guerrilla Force မှ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

“အဲဒီမှာက မနေ့ညတည်းက လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ ကြားတယ်။ ပြည်သူ့စစ်အဖွဲ့တွေကတော့ အချိန်ပြည့်ရှိနေတာ။ Suicide Drone ပေါက်ပြီး ၂ ဦးသေဆုံးတယ်လို့ပဲ ကြားတာ၊ နောက်ဆက်တွဲတော့ မသိရပါဘူး။”

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်-၁၅ တပ်ရင်း (Eagle Guerrilla Force)၊ Civilian Military-Sagaing Region Defense နဲ့ Satan is Coming (CM-SRDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က အခိုင်အမာ ခံစစ်ပြင် တပ်စွဲထားတဲ့ မန္တလေးမြို့မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ဒုတိယအကြိမ်မြောက် ဝရဇိန်စစ်ဆင်ရေး ဖော်ဆောင်ရတဲ့ ရည်ရွယ်ချက်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆောင်ရွက်နေပြီဖြစ်တာကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်​တာကို အသိပေးလိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဦးထောင်ဘိုအဝိုင်းနားရှိ Mytel ရုံးချုပ်ကို ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) တို့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013