ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး ထိပ်တန်းမြို့ကြီး ၃ ခုထဲမှာ စစ်အာဏာသိမ်း မြန်မာနိုင်ငံက ရန်ကုန်မြို့လည်းပါဝင်နေတယ်လို့ နာမည်ကျော် Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။
ဒီလေ့လာမှုမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ခရီးသွားလာမှုဘေးကင်းရေး အဆင့် သတ်မှတ်ချက်တခုဖန်တီးနိုင်ဖို့ ရာဇ၀တ်မှု၊ ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံ၊ သဘာဝဘေးအန္တရာယ်နဲ့ ဒီဂျစ်တယ်လုံခြုံရေးစတာတွေ အပါအဝင် တိုင်းတာတွက်ချက်မှု အမျိုးအစား ၇ ခုနဲ့ နိုင်ငံတကာက မြို့ပေါင်း ၆၀ ကို နှိုင်းယှဉ်လေ့ လာခဲ့တာလို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကတ်စ်က ရမှတ် ၁၀၀ အပြည့်နဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး မြို့တော်စာရင်းထဲမှာ ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး သူ့နောက်မှာတော့ ပါကစ္စတန်နိုင်ငံမြို့တော် ကရာချိက ရမှတ် ၉၃ ဒသမ ၁၂ နဲ့ ရှိနေတာပါ။
အဲဒီနောက်မှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်မီးတောက်လောင်နေတဲ့ မြန်မာပြည် ရန်ကုန်မြို့က ရမှတ် ၉၁ ဒသမ ၆၇ မှတ်နဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူ နိုင်ငံကတော့ ခရီးသွားတွေအတွက် ဘေးအကင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာ ဖြစ်ပါ တယ်။
ဒါ့အပြင် အာဆီယံနိုင်ငံတွေထဲက ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တို့ဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး ၁၅ နိုင်ငံ စာရင်းထဲမှာ အဆင့် ၅ နဲ့ ၁၁ နေရာတွေ အသီးသီးနဲ့ ပါဝင်နေတာကို တွေ့ရပါ တယ်။
Source:Forbes