အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းရှိ ကာနာတကပြည်နယ်ထဲက အူတရာကန်နဒါခရိုင်မှာ ဇူလိုင် ၁၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ပြိုကျနေတဲ့ မြေသားတွေ၊ ရွှံ့တွေနဲ့ အမှိုက်အပျက်အစီးတွေကို ရှင်းလင်းရာမှာ လုပ်ဆောင်နေကြတဲ့ မြေကော်ကားတွေနဲ့ ကုန်တင်ကားတွေ တန်းစီနေကြတဲ့ လမ်းကြောင်းကလည်း ရှည်လျားပါတယ်။
ပျောက်ဆုံးနေသူများကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေက မော်တော်ဘုတ်တွေနဲ့ မြစ်ထဲကို ထောက်လှမ်းရှာဖွေနေကြပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းခြင်းနဲ့ မြစ်ရေ မြင့်တက်ခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေခဲ့ကြောင်း သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအရာရှိ တဦးက ဒေသခံ မီဒီယာကို ပြောကြားခဲ့ပါတယ်။
လူ ၈ ဦးမှ ၁၀ ဦးအထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရုပ်အလောင်း ၆ လောင်းကို ဆယ်ယူရ ရှိထားကြောင်း ကာနာတက အခွန်ဝန်ကြီး ခရစ်ရှ်နား ဘိုင်ရီ ဂေါင်ဒါက ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
Source-Reuters