အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ မကြာသေးမီက မိုးသည်းခဲ့ပြီး လူ ၄၇ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အိမ်ခြေရာပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။
နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ်မှာ မကြာမီရက်ပိုင်းအတွင်း ရေကြီး၊ မိုးသည်းပြီး လေပြင်း တိုက်ခတ်တာကြောင့် သေဆုံးသူဦးရေ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။
ဆယ်စုနှစ်များစွာကြာအောင် စစ်ပွဲတွေနဲ့ မတည်မငြိမ်မှုဒဏ်ကို ခံခဲ့ရတဲ့ နန်ဂါဟာပြည်နယ်မှာ လွန်ခဲ့တဲ့ ၂ လက ရေကြီးရေလျှံခဲ့ပြီး အိုးမဲ့အိမ်မဲ့ မိသားစုတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ ပြတ်တောက်ခဲ့ပါတယ်။
သဘာဝဘေးဒဏ်ကြောင့် ဒေသခံလူထုတွေ ထိတ်လန့် တုန်လှုပ်နေခဲ့ကြပါတယ်။ အိမ်ပြန်ဆောက်ဖို့ ငွေကြေးအမြောက်အမြား ကုန်ကျမှာဖြစ်ပြီး ချို့တဲ့နွမ်းပါးတဲ့ ဒေသခံတွေမှာ အရင်းအမြစ်နည်းပါးလို့ အိမ်တွေကို ပြန်ဆောက်ဖို့ ခက်တယ်လို့ သူတို့က ပြောပါတယ်။
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ အစိုးရက သူတို့ကို လွတ်မြောက်အောင် ကူညီပေးဖို့ ကိုလည်း အရှိန်မြှင့် တောင်းဆိုခဲ့ပါတယ်။
Source-Reuters