Home
အားကစား
ဂရင်းဝုဒ်ကို ခေါ်ယူခဲ့သည့် မာဆေးအသင်းကို ပရိသတ်များ ဒေါသထွက်
DVB
·
July 19, 2024
Photo -REUTERS

မန်ယူတောင်ပံကစားသမားမေဆန်ဂရင်းဝုဒ်ကို ခေါ်ယူခဲ့တဲ့ မာဆေးအသင်းကို အသင်းပရိသတ် တွေက ဒေါသထွက်ခဲ့ကြပါတယ်။ 

မာဆေးအသင်းဟာ ဂရင်းဝုဒ်အတွက် ထပ်ဆောင်းပေးချေနိုင်တဲ့ ငွေကြေးအပါအဝင် စုစုပေါင်း ပေါင်သန်း ၃၀ နဲ့ အပြီးသတ်စာချုပ်ခေါ်ယူခဲ့တာပါ။ 

ဂရင်းဝုဒ်ကို ခေါ်ယူခဲ့တာက ရွံရှာစက်ဆုပ်စရာကောင်းပြီး ဒီလောက်အထိ ရှက်စရာ ကောင်းတာမျိုး မကြုံဖူး သေးကြောင်း မာဆေးပရိသတ်တွေက တွစ်တာမှာ ရေးသားခဲ့ကြပါတယ်။ 

ဂရင်းဝုဒ်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလက အတူနေချစ်သူကို အဓမ္မကျင့်ဖို့ကြိုးစားမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု အစရှိတဲ့စွပ်စွဲချက်တွေနဲ့ အမှုရင်ဆိုင်ခဲ့ရပြီး တရားလိုဘက်က အမူရုပ်သိမ်းပေးခဲ့လို့ ထောင်ဒဏ်ကျ ခံရခြင်းမရှိဘဲ လွတ်မြောက်လာခဲ့တာပါ။

မာဆေးအသင်းပရိသတ်တွေ နှစ်သက်တဲ့ တွစ်တာအကောင့် တခုကတော့ ဘောလုံးထက် ပိုအရေးကြီးတဲ့အရာတွေရှိပြီး အမျိုးသမီးတွေကို လေးစားမှုရှိဖို့က အချက် တချက်ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။ 

ဂရင်းဝုဒ်ကို ကာကွယ်ပေးရုံတင် မဟုတ်ဘဲ ထောက်ခံအားပေးတဲ့ ပရိသတ်တွေကိုလည်း မာဆေး ပရိသတ်တွေက ဝေဖန်ရူတ်ချသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024