Home
မြန်မာသတင်း
ငွေ​ကြေးအလွဲသုံးစားလုပ်မှုဖြင့် MFTB ဥက္ကဋ္ဌကို စစ်တပ်က ဖမ်းဆီးစစ်ဆေး
DVB
·
July 18, 2024
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ဥက္ကဋ္ဌ ဒေါ်ကေသီကို စစ်ကောင်စီက ဇူလိုင် ၁၂ ရက်က ငွေကြေးအလွဲသုံးစားမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဘဏ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းမှာ ဖွင့်လှစ်ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ဥက္ကဋ္ဌ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို ဇူလိုင် ၁၂ ရက်မှာ စစ်တပ်နဲ့ရဲတွေက ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးခဲ့တာလို့ ဘဏ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“မြန်မာငွေတွေကို ဒေါ်လာနဲ့ချိန်းပြီး ကုမ္ပဏီတခုကိုထုတ်ပေးတဲ့ ကိစွနဲ့ဖမ်းတာ၊ အခုထိတော့ သတင်းက အပြင်ကိုမပေါက်သေးဘူး၊ သူမိသားစုကတော့ ခေါ်စစ်နေတယ်ပဲပြောတယ်။” 

နေပြည်တော်ရှိ စီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ ဇူလိုင် ၁၀  ရက်က စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးအပါအဝင် ဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များ တွေ့ဆုံမှုအပြီး ၂ ရက်မှာ ဖမ်းဆီးခဲ့တာလို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ကုမ္ပဏီတခုကို သိန်းလေးသောင်းဖိုးလောက်ရှိတဲ့ ဒေါ်လာတွေလဲပေးလိုက်တဲ့ ကိစွနဲ့ဖမ်းလိုက်

တာ။” 

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှာ ဒေါ်ကေသီဟာ ၂၀၁၈ ခု မေလ ၁၆ မှစတင်ကာ ဥက္ကဋ္ဌ၊ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ဇူလိုင် ၁၁ ရက်အထိ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

MFTB ဘဏ်ဥက္ကဋ္ဌ ဒေါ်ကေသီ ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ဥပဒေချုပ် ဒေါ်ဖြူမာဝေကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စစ်တပ်က  ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေအပါအဝင် ဒါရိုက်တာ ၉ ဦးကို နေပြည်တော်ကို ခေါ်ယူစစ်ဆေးခဲ့တာလည်းရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013