Home
မြန်မာသတင်း
အမရပူရ ဆောက်လုပ်ရေးလုပ်ငန်းခွင် တာကျိုးမှုအတွင်း ပျောက်ဆုံးသူ ၇ ဦး အလောင်းပြန်တွေ့
DVB
·
July 17, 2024
Photo – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)

မန္တလေးတိုင်း၊ အမရပူရမြို့နယ်က မြို့ပြစီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဧရာဝတီမြစ် တာရိုးကျိုးပေါက်ရာက ပျောက်ဆုံးခဲ့သူ ၇ ဦးရဲ့ ရုပ်အလောင်းတွေကို ဇူလိုင် ၁၆ ရက် ညနေ ၅ နာရီလောက်က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းက တာရိုးကျိုးပေါက်ပြီး လုပ်ငန်းခွင်ဧရိယာ ရေလွှမ်းသွားပြီးနောက် ပျောက်ဆုံးခဲ့သူ လုပ်သား ၇ ဦးမှာ ကွန်ကရစ် ရေဆိုးထုတ် မြောင်းအတွင်း ပိတ်မိနိုင်​ကြောင်း ယူဆကာ ရှာ​​ဖွေရာမှ ရုပ်အ​လောင်း ၇ ​လောင်းကို ရှာ​ဖွေ​တွေ့ရှိခဲ့တာလို့ မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့မနက်ပိုင်းက ရုပ်အလောင်းတလောင်းကို အရင်ဆုံး ရှာဖွေတွေ့ရှိခဲ့တာပါ။ ညနေ ၃ နာရီလောက်မှာ ၄ လောင်းကို တနေရာတည်းမှာ ထပ်တွေ့ပြီး ကျန်တဲ့အလောင်းတွေကိုတော့ တနေရာစီ တွေ့တာပါ။”

အမရပူရမြို့တောင်ဘက် ဧရာဝတီမြစ်ကမ်းနဲ့ စစ်ကိုင်းတံတားအနီးမှာ တည်ဆောက်နေတဲ့ အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းခွင်ထဲက ရေဆိုးထုတ်မြောင်း လုပ်ငန်းခွင်အတွင်း ဧရာဝတီမြစ်ရေ မဝင်စေဖို့ ပိတ်တားထားတဲ့ နေရာက တာရိုးကျိုးပေါက်မှုကြောင့် ရုတ်တရက် မြစ်ရေတွေ ဝင်ရောက်လာချိန် အလုပ်သမား ၇ ဦးမှာ ပိတ်မိသွားခဲ့ကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီး အမရပူရမြို့နယ်၊ မြို့ပြစီမံကိန်းကို ခရိုနီ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပိုင်ဆိုင်​တဲ့ Mandalay Business Capital City Development MBCCD ကုမ္ပဏီက အ​ကောင်အထည်​ဖော် ​ဆောင်ရွက်​နေတာဖြစ်​ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013