Home
နိုင်ငံတကာ
အလယ်နှင့် အရှေ့ဥရောပ မြို့များတွင် အပူလှိုင်းရိုက်ခတ်
DVB
·
July 17, 2024
Photo - Reuters

အလယ်ဥရောပနဲ့ အရှေ့ဥရောပက မြို့တွေမှာ အပူလှိုင်းရိုက်ခတ်လို့ ဇူလိုင် ၁၆ ရက်က ပိုလန်မြို့တော် ဝါဆောမှာ အပူချိန် ၃၂ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်ခဲ့ပါတယ်။

အပူဒဏ်ကြောင့် ဒုက္ခအရောက်ဆုံး လူတွေထဲက သက်ကြီးနိုင်ငံသားတွေကတော့ စျေးဝယ်ဖို့ သားသမီးတွေကို ခိုင်းနေရပြီး ထီးမပါဘဲ အိမ်ထဲက မထွက်ဘူးလို့ ပြောပါတယ်။

အရှေ့တောင်ဥရောပနိုင်ငံ ကိုဆိုဗိုမှာ ငရုတ်ကောင်းခူးတဲ့ အလုပ်သမားတွေဟာ သူတို့ခေါင်းမှာ ပဝါတွေပတ်ထားပြီး ရေသောက်နေရတာပါ။ အပူဒဏ်ကြောင့် ခံတွင်းပျက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မြို့တော် ပရစ္စတီးနားမှာတော့ အင်္ဂါနေ့က အပူချိန် ၃၆ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်ခဲ့ပါတယ်။

ရိုမေးနီးယားနိုင်ငံ မြို့တော် ဘူဒါပတ်စ်မှာ အပူချိန်က ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်ကို ကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ငံတလွှား နေရာအများစုမှာ အနီရောင်အဆင့် ရာသီဥတုဆိုင်ရာ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။

ဘော်လ်ကန်ဒေသတလွှားမှာ ဇူလိုင် ၁၇ ရက်ထိ အပူလှိုင်း ဆက်ရှိနေမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013