အင်္ဂလန်အသင်းနဲ့လမ်းခွဲခဲ့တဲ့ နည်းပြဆောက်ဂိတ်ကို ဘောလုံး သုံးသပ်အဖြစ် တာဝန်ပေးဖို့ရုပ်သံ ကုမ္ပဏီတခုက ကမ်းလှမ်းလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရတာပါ။
အင်္ဂလန်အသင်းကို ၈ နှစ်ကြာတာဝန်ယူခဲ့ပြီး ဆုဖလားအောင်မြင်မှုမရခဲ့တဲ့နောက်မှာတော့ ရာထူးကနေ နုတ်ထွက်ဖို့ နည်းပြဆောက်ဂိတ်က ဆုံးဖြတ်ခဲ့တာပါ။
အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်တဲ့သတင်းထွက်ပေါ်လာပြီးနောက်မှာပဲ ITV SPORT ရုပ်သံကုမ္ပဏီက ဆောက်ဂိတ်ကို ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ကမ်းလှမ်းခဲ့တာပါ။
နည်းပြဆောက်ဂိတ်အနေနဲ့ အနားယူဖို့ ဆုံးဖြတ်ထားတာကြောင့် ဘောလုံးသုံးသပ်သူ တာဝန်ကို ငြင်းပယ်ဖို့ ရှိတယ်လို့သိရပါတယ်။
ITV Sport ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဘောလုံးသုံးသပ်သူတွေအဖြစ် ရွိုင်ကိန်း၊ နဗီးလ်နဲ့ အီရန်ရိုက်တို့က ပူးပေါင်းတင် ဆက်ခဲ့ကြပါတယ်။