Home
မြန်မာသတင်း
နေပြည်တော် ဧလာလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ
DVB
·
July 16, 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ ဧလာ လေတပ်စခန်းထဲကနေ ဒီကနေ့ ဇူလိုင် ၁၆ ရက်၊ မနက် ၉ နာရီဝန်းကျင်က ပေါက်ကွဲသံ ၂ ချက် ကြားလိုက်ရတယ်လို့ ဧလာမြို့ခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဧလာမြို့ခံတဦးက “မနက် ၉ နာရီ မထိုးခင်လောက်က ဧလာလေတပ်စခန်းထဲက တော်တော်လေး ပြင်းပြင်းထန်ထန် ပေါက်ကွဲတဲ့အသံ ၂ ခါ ကြားလိုက်ရတယ်။ ဘာဖြစ်တယ်ဆိုတာတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဧလာလေဆိပ်ကို ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လေဆိပ်ခြံစည်းရုံးပေါ် ၁ လုံးနဲ့ ကြံစိုက်ခင်းအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲတယ်လို့ ရေးသားဖော်ပြထားပေမဲ့ စစ်ကောင်စီဘက်ကတော့ ဇူလိုင် ၁၆ ရက် ညနေအထိ သတင်းထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “လုံခြုံရေးအရ ထုတ်ဖော်ပြောပြလို့ မရသေးတဲ့အတွက် တောင်းပန်ပါတယ်ဗျ” လို့ ​ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်က ဧလာလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024