Home
မြန်မာသတင်း
ရခိုင်တွင် မိုဘိုင်းငွေကြေးထုတ်ခများ အဆမတန်မြင့်တက်
DVB
·
July 16, 2024

ရခိုင်ပြည်နယ်မှာ Kbz Pay နဲ့ Wave Pay ငွေကြေးထုတ်ခတွေ အဆမတန် စျေးနှုန်းမြင့်တက်နေတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဘဏ်တွေပိတ်သိမ်းသွားတဲ့အတွက် Kbz Pay နဲ့ Wave Pay တွေကိုပဲ အဓိက မှီခိုနေကြရတာလို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

အရင်လပိုင်းတွေက ငွေကြေးထုတ်ခ ၁ သိန်းကျပ်ကို ၅,၀၀၀ သာ ပေးရပေမဲ့ အခု ၁ သိန်းကို ၁၅,၀၀၀ ကျပ်အထိ ၃ ဆ မြင့်တက်သွားတဲ့အပြင် လိုသလောက် ထုတ်ယူလို့ မရတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “ကျနော်တို့ဆီက ပြည်သူအများစုကတော့ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားတယ်ဗျ။ အခုလိုသာ ငွေထုတ်ခတွေ ဆက်လက်မြင့်တက်မယ် ဆိုရင်တော့ လုပ်သမျှ ရှာသမျှ ပိုက်ဆံက ငွေလွှဲထုတ်တဲ့ဆိုင်တွေကို လုပ်ကျွေးသလို ဖြစ်နေပြီ”လို့ ပြောပါတယ်။

အခုလို ငွေကြေးထုတ်ခစျေးနှုန်း မြင့်တက်ရတာဟာ စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီးနောက် ဘဏ်တွေက ငွေထုတ်ယူတာတွေကို ကန့်သတ်ထားတာကြောင့် စျေးနှုန်းမြင့်တက်သွားတာလို့ Mobile Pay လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဘဏ်လုပ်ငန်းတွေ မလည်ပတ်တော့တဲ့အတွက် ငွေကြေးတွေကို ဘဏ်ဖွင့်တဲ့ နေရာတွေဆီကနေ နည်းလမ်းပေါင်းစုံနဲ့ သယ်ယူရတာဖြစ်လို့ ခရီးစရိတ်တွေ၊ ဝန်ဆောင်စရိတ်တွေ များပြားပြီး စျေးနှုန်းမြင့်တက်သွားတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က ဖြတ်လေးဖြတ်ဗျူဟာကို ကျင့်သုံးတဲ့အတွက် ဆေးဝါးနဲ့ စားသောက်ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်သွားကာ အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013