Home
မြန်မာသတင်း
ထိုင်းတွင် စီမံချက်ကာလ ၁ လကျော်အတွင်း မြန်မာလုပ်သား ၈၀,၀၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
July 16, 2024

ထိုင်းအစိုးရရဲ့ တရားမဝင်နိုင်ငံခြားသား အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်စတင်တဲ့ ဇွန် ၅ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ၃၆ ရက်အတွင်း  မြန်မာရွေ့ပြောင်းလုပ်သား ၈၀,၀၀၀  ကျော်အပါအဝင် တရားမဝင် အလုပ်သမား  ၁၀၈,၈၇၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံ အလုပ်အကိုင်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ ရဲဌာနတို့ ပူးပေါင်းလုပ်ဆောင်တဲ့ စီမံချက်ကာလအတွင်း ဟွေ့ကောင်း၊ ဘန်ကောက်၊ ရတ်ချဘူရီ၊ ဥဒုံဌာနီနဲ့ ချချောင်ဆောင်ခရိုင်တွေမှာ ဆိုင်ခန်းတွေနဲ့ လုပ်ငန်းခွင်တွေကို ဝင်‌ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းလုပ်သား ၈၀,၉၁၃ ဦး၊ လာအိုမှ ၇,၈၀၄ ဦး၊ ကမ္ဘောဒီးယားမှ ၁၆,၅၀၇ ဦး၊ ဗီယက်နမ်မှ ၁၀၄ ဦးနဲ့ တခြားနိုင်ငံတွေက လုပ်သား ၃,၅၄၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ဥပဒေအရ ပြည်ပမှ လာရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားဝင်အထောက်အထား အပြည့်အစုံမရှိတာနဲ့ တားမြစ်ထားတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်တာတွေကို ခွင့်မပြုထားဘဲ တွေ့ရှိပါက ဘတ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ ထိ ပေးဆောင်ခံရနိုင်ကာ အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်ထိ ပိတ်ပင်ခံရနိုင်ပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်မှာ အဆိုပါလုပ်သားတွေကို ခန့်ထားတဲ့ အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမားတဦးအတွက် ဘတ် ၁၀,၀၀၀ မှ ဘတ် ၁၀၀,၀၀၀ ထိ ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။

ထပ်မံကျူးလွန်ပါက ငွေဒဏ် ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိဖြစ်စေ သို့မဟုတ် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ကျခံရမှာဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားခန့်ထားခွင့် ၃ နှစ် ပိတ်ခံရမှာလည်း ဖြစ်ပါတယ်။

Source: Nation Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013