ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ပိုက်သည် (မွတ်ဆလင်) ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဲန့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးခဲ့တဲ့သူတွေအတွက် တရားမျှတမှုရရှိဖို့နဲ့ ကျူးလွန်သူကို အရေးယူဖို့ နိုင်ငံတကာကို မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
ပိုက်သည် ကျေးရွာကို ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၁၂ ယောက် သေဆုံးကာ ၃၅ ယောက် ဒဏ်ရာရရှိခဲ့တာပါ့။
လေကြောင်းကနေ ဗုံးကြဲခဲ့လို့ သေဆုံးသွားခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှု လိုချင်တယ်လို့ ပိုက်သည်ကျေးရွာက လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရတဲ့သူရဲ့ အဘိုးတော်စပ်သူ ဦးရွှေထွန်းအောင်က ပြောပါတယ်။
ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ကန်ဘောင်နားမှာ ဖုန်းဆက်ဖို့ သွားတဲ့အချိန် လေကြောင်းကနေ လူစုလူဝေးဖြစ်တဲ့နေရာတွေကို စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံး ၇ လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရလူနာတွေကို အာရက္ခတပ်တော် (AA) က ကားနဲ့လာတင်ခေါ်ပြီး နီးစပ်ရာဆေးရုံမှာ အခမဲ့ ဆေးကုသပေးခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အစ်မဖြစ်သူ မနိုပတန်းမားနဲ့ မနိုရိုဟိန်းတို့ ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ရတဲ့အတွက် စစ်ကောင်စီကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ပိုက်သည်ကျေးရွာက ကိုရွှေမောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပြည်သူ ၂၆၈ ယောက် သေဆုံးကာ ၆၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က မေ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လင်းအိမ်