တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက မြောက်ကိုရီးယား ဘက်ပြောင်းခိုလှုံသူတွေကို သူတို့ဆန္ဒမပါဘဲ မြောက်ကိုရီးယားဆီ ပြန်မပို့ဘူးလို့ ဇူလိုင် ၁၄ ရက်မှာ အသေအချာ ကတိပြုလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာလုပ်တဲ့ မြောက်ကိုရီးယား ဘက်ပြောင်းသူများနေ့ အခမ်းအနားမှာ ပြောတဲ့ မိန့်ခွန်းအတွင်း ခုလို ကတိပြုတာပါ။
မြောက်ကိုရီးယားအစိုးရက ဘက်ပြောင်းတာကို ဟန့်တားဖို့ နယ်စပ်ဧရိယာတလျှောက် မိုင်းထောင်တာ၊ လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ ခြံစည်းရိုးတွေ၊ အရံအတားတွေ လုပ်တာကိုလည်း ယွန်းက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
မနှစ် အောက်တိုဘာလက တရုတ်ကနေ အတင်းပြန်ပို့တာခံရတဲ့ မြောက်ကိုရီးယား ဘက်ပြောင်း အယောက် ၆၀၀ လောက် ပျောက်ကွယ်သွားခဲ့တယ်လို့ တောင်ကိုရီးယား အခြေစိုက် လူ့အခွင့်အရေးအုပ်စုတွေက ဒီဇင်ဘာမှာ ပြောပါတယ်။
ပြန်ပို့ခံရသူတွေဟာ အထီးကျန် မြောက်ကိုရီးယားနိုင်ငံထဲမှာ ထောင်ချ၊ နှိပ်စက်၊ လိင်ပိုင်း အကြမ်းဖက်တာနဲ့ သတ်ဖြတ်တာ ခံရနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၀-၅၃ စစ်ပွဲကို အပစ်အခတ်ရပ်စဲ အဆုံးသတ်ခဲ့ပေမဲ့ စစ်ပြေငြိမ်းစာချုပ် မချုပ်ရသေးလို့ သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
Source-Reuters