Home
နိုင်ငံတကာ
နေတိုးအဖွဲ့ဝင်အချို့၏ လုပ်ရပ်က အန္တရာယ်ရှိဟု ရုရှားသမ္မတနန်းတော်က ပြော
DVB
·
July 14, 2024
Photo - REUTERS/Yves Herman

အခုသီတင်းပတ်မှာလုပ်တဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာ ရုရှားပိုင်နက်ကို တိုက်ခိုက်ဖို့ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ လက်နက်တွေကို သုံးခွင့်ပေးတဲ့ အနောက်နိုင်ငံတချို့ရဲ့ ထုတ်ပြန်ချက်တွေကို သတိပြုမိခဲ့တယ်လို့ ရုရှားသမ္မတ နန်းတော် ကရင်မလင်က ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။

ယူကရိန်းသမ္မတရဲ့ ထိပ်တန်းလက်ထောက်ဖြစ်သူ အန်ဒရေ ယာမက်ခ်က ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို မဟာမိတ်တွေက ပံ့ပိုးထားတဲ့ လက်နက်တွေသုံးစွဲမှုအပေါ် ကန့်သတ်ချက်တွေကို အဆုံးသတ်ဖို့ ကြာသပတေးနေ့က တောင်းဆိုခဲ့ပြီး ဒါဟာ ရုရှားအစိုးရကို တိုက်ခိုက်ရာမှာ ကစားကွက် အပြောင်းအလဲတရပ် ဖြစ်လာမယ်လို့ ယာမက်က ပြောခဲ့ပါတယ်။

“တာဝေးပစ်ဒုံးကျည်တွေ သုံးစွဲမှုနဲ့ပတ်သက်လို့ ဘယ်လိုကန့်သတ်ချက်ကိုမှ မမြင်နိုင်တဲ့ ဗြိတိန်အပါအဝင် တချို့ အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေ၊ ဖြေလျှော့တာကို ဆန့်ကျင်သူတွေ၊ ဟန်ချက်ထိန်းတဲ့သူတွေ တင်ပြတဲ့ အဆိုပြုချက် အသီးသီးကို ကျနော်တို့ မြင်ထားပါတယ်။ ဒီလက်နက်တွေကို ရုရှားမြေကိုတိုက်ခိုက်ဖို့ သုံးနေပြီလို့ ယုံတယ်။ နောက်ဆုံးမှာတော့ အဓိကအချက်က ဒီဒုံးကျည်တွေဟာ ကျနော်တို့နယ်မြေကို ထိမှန်နေပြီပဲ၊ ဒီအကွာအဝေးကို တိုးမြှင့်ဖို့ဆိုတာ ကျူးကျော်ရန်စမှုသက်သက်ပဲ၊ တင်းမာမှုရဲ့ အလွန်အန္တရာယ်များတဲ့ ပြင်းထန်မှုပါပဲ”လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013