နေတိုးအဖွဲ့ဟာ ယူကရိန်းကို စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းဖို့ ပြင်ဆင်ရာမှာ ကူညီပေးနေတယ်လို့ နေတိုး အတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က ဇူလိုင် ၅ ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောလိုက်ပါတယ်။
“ကျနော်တို့လုပ်နေတဲ့ အလုပ်အားလုံးက ယူကရိန်းကို ပိုအားကောင်းအောင် မဟာမိတ်ဖွဲ့ဖို့ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖို့ပါပဲ” လို့လည်း စတော့တန် ဘာ့ဂ်က ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးဖို့ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ မော်စကို မြို့တော်ဆီ ခရီးစဉ်နဲ့ပတ်သက်ပြီး နေတိုးအဖွဲ့အကြီးအကဲက နေတိုးမဟာမိတ်အဖွဲ့ကို အသိပေးထားတယ်လို့လည်း ကြေညာခဲ့ပါတယ်။
အာဘန်က ဟန်ဂေရီ ဝန်ကြီးချုပ် တာဝန်နဲ့ ခရီးသွားနေပြီး ဟန်ဂေရီက အဖွဲ့ဝင်ဖြစ်နေတဲ့ နေတိုးအဖွဲ့ကို ကိုယ်စားပြုပြီးသွားတာ မဟုတ်ဘူးလို့လည်း စတော့တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။
Source-Reuters