အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီက လွှတ်တင်လိုက်တဲ့ Falcon 9 ဒုံးပျံ တစင်းဟာ ဇူလိုင် ၁၂ ရက်က အာကာသထဲမှာ ပေါက်ကွဲပြီး သယ်ဆောင်သွားတဲ့ Starlink ဂြိုဟ်တုတွေပါ ပျက်စီး သွားခဲ့ရပါတယ်။
ဒါဟာ ကမ္ဘာ့အာကာသလုပ်ငန်းနယ်ပယ်က အဓိက မှီခိုနေရတဲ့ Falcon 9 ဒုံးပျံတွေ ၇ နှစ်ကျော် အတွင်း ပထမဆုံး အကြိမ် ပျက်စီးမှုဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် အမေရိကန်ပြည်ထောင်စုလေကြောင်းကွပ်ကဲရေးက ဒုံးပျံတွေ ပျံသန်းမှုကို ယယီ ရပ်ဆိုင်းပြီး စစ်ဆေးနေပါတယ်။
ကာလီဖိုးနီးယားပြည်နယ် ဗန်ဒန်ဘာ့ဂျ် အာကာသစခန်းကနေ လွှတ်တင်ပြီး တနာရီ လောက် အကြာမှာ ဒုံးပျံရဲ့ ဒုတိယအဆင့် ပြန်နှိုးရာ မှာ မအောင်မမြင်ဖြစ်ပြီး သယ်ဆောင်လာတဲ့ Starlink ဂြိုဟ်တုအလုံး ၂၀ လည်း ကမ္ဘာ့လေထုထဲ ပြန်ပြုတ်ကျပေါက်ကွဲသွားခဲ့ပါတယ်။
အင်ဂျင်ကို ပြန်နှိုးရာမှာ မသိရှိရသေးတဲ့ အကြောင်းပြချက်တွေကြောင့် အင်ဂျင် RUD ဖြစ်သွား တယ်လို့ SpaceX စီအီးအိုး အယ်လွန်မက်စ်က ရေးပါတယ်။
RUD ဆိုတာ အာကာသလုပ်ငန်းသုံး ဝေါဟာရဖြစ်ပြီး “လျင်လျင်မြန်မြန် စီစဉ်မထားဘဲ ပြုတ်ထွက်မှု” လို့ ဆိုလိုပြီး ယေဘုယျပြောရရင် ပေါက်ကွဲထွက်တာကိုပဲ ဆိုလိုတာဖြစ်ပါတယ်။
ဒုံးပျံကို ပြင်ဆင်ပြီး ပျံသန်းဖို့ခွင့်ပြုချက်ပြန်မရမချင်း လွှတ်တင်မှုတွေယာယီ ရပ်ထားရမှာ ဖြစ်ပါတယ်။
၃၅၄ ကြိမ် အပျက်အစီးမရှိ အောင်မြင်အောင် လွှတ်တင်နိုင်ခဲ့တာကြောင့် SpaceX ဟာ အာကာသ နည်းပညာနယ်ပယ်ကို လုံးဝနီးပါးလွှမ်းမိုးထားတာဖြစ်ပါတယ်။
Source-Reuters