Home
နိုင်ငံတကာ
ဇလန်းစကီးကို သမ္မတပူတင်ဟု မှားခေါ်မိသည့် သမ္မတဘိုင်ဒင်ကို ရွေးကောက်ပွဲမှ နုတ်ထွက်စေလို
DVB
·
July 12, 2024
Photo-Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ စကားပြောမှားယွင်းမှုတွေကြောင့် နုတ်ထွက်ဖို့ အကြံပေးတွေက စည်းရုံးနေကြပါတယ်။

ဘိုင်ဒင်ဟာ ပြိုင်ဘက် ဒေါ်နယ်ထရမ့်ပ်ကို အနိုင်ရနိုင်ခြေ လုံးဝမရှိတော့လို့ ဘိုင်ဒင်ကို နုတ်ထွက်ဖို့ ဘယ်လိုစည်းရုံးရမလဲဆိုတာ သမ္မတအကြံပေးနဲ့ အိမ်ဖြူတော်အဖွဲ့က ကြိုးစားနေတာ ဖြစ်ပါတယ်။

ဇလန်းစကီးကို သမ္မတပူတင်လို့ မှားယွင်းပြောဆိုမှုနဲ့ ကမ္မလာဟားရစ်ကို ဒုသမ္မတ ထရမ့်ပ်လို့ မှားယွင်းပြောဆိုမှုတွေက ဘိုင်ဒင်ရဲ့ အခြေအနေကို ပိုပြီး ပေါ်လွင်စေပါတယ်။

ထရမ့်ပ်နဲ့ စကားစစ်ထိုးခဲ့တုန်းက ဘိုင်ဒင်ဟာ ခရီးပန်းထားတာကြောင့်လို့ ဝေဖန်မှုတွေကို တုံ့ပြန်ခဲ့ဖူးပါတယ်။

ဘိုင်ဒင်ဟာ မှားပြောမှု ၂ ခုပြုလုပ်ခဲ့ပြီး အဲဒီ ၂ ခုကလည်း သူ့ရဲ့အခြေအနေမှန်ကို ပိုပြီး ပေါ်လွင်စေခဲ့ပါတယ်။

ဒုတိယသမ္မတ ကမ္မလာဟားရစ်ကို ဒုသမ္မတ ထရမ့်ပ်နဲ့ မှားပြောမိခဲ့ပြီး သူကိုယ်တိုင် သတိမထားမိခဲ့တာ တွေ့ရပါတယ်။

နေတိုးထိပ်သီးအစည်းအဝေးမှာလည်း ဘိုင်ဒင်က ယူကရိန်းသမ္မတ ဇလန်းစကီးကို သမ္မတပူတင်လို့ မှားပြီး မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကတော့ ဘိုင်ဒင်ဟာ သူမှားတာကို သိခဲ့ပြီး ချက်ချင်း ပြန်လည်ပြင်ဆင် ပြောဆိုနိုင်ခဲ့ပါတယ်။

ဘိုင်ဒင်ရဲ့မှားယွင်းမှုဟာ အချိန်တိုင်းအတွက် အထင်ရှားဆုံး မှားယွင်းစွာ ပြောဆိုမှုဖြစ်တယ်လို့ ABC သတင်းဌာနက ဖော်ပြခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ ပြောဆိုခဲ့တဲ့ “ဂုဏ်သရေရှိလူကြီးမင်းများ၊ ဟေတလာ” လို့ ပြောဆိုခဲ့မှုနဲ့ တူကြောင်း ဖော်ပြပါတယ်။

၃ ရက်တာ ကျင်းပခဲ့တဲ့ NATO အစည်းအဝေးပွဲ တက်ရောက်ခဲ့တဲ့ ဘိုင်ဒင်ရဲ့ အခြေအနေကို ဗြိတိန်ဝန်ကြီးချုပ် စတာမာက အခြေအနေကောင်းတယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဂျာမန်အဓိပတိနဲ့ ပြင်သစ်သမ္မတတို့ကတော့ ဘိုင်ဒင်ဟာ စကားပြောတဲ့နေရာမှာ လျှာခလုတ်တိုက်တဲ့ပုံစံမျိုး ရှိတယ်လို့ ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013