ရုရှားနိုင်ငံဆီ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီ ဇူလိုင် ၈ ရက်မှာ လာရောက်လည်ပတ်တဲ့ ခရီးစဉ်ကို အိန္ဒိယ လူ့အဖွဲ့အစည်းထဲက အဖွဲ့ဝင်တွေနဲ့ မော်စကိုမြို့ခံတွေက တေးဂီတတွေ အကတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။
မိုဒီနဲ့ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံဆီ လာလည်ချိန် တည်းခိုတဲ့ ကားလ်တွန် ဟိုတယ်ရှိရာ လမ်းတလျှောက် ပျော်ရွှင်နေတဲ့ လူအုပ်ကြီး စုရုံးခဲ့ကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ တနင်္လာနေ့မှာ ရုရှားမြို့တော် မော်စကိုမြို့ဆီ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်နဲ့ ရောက်ခဲ့တာပါ။
ရုရှားနဲ့ အိန္ဒိယရဲ့ ကုန်သွယ်မှု မညီမျှတာကို ပြုပြင်ဖို့နဲ့ ယူကရိန်းပဋိပက္ခမှာ တိုက်ပွဲဝင်ဖို့ လှည့်စားခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားတွေ လွတ်မြောက်ရေး အာမခံချက်ဟာ မော်စကိုရောက် မိုဒီရဲ့ ထိပ်တန်းဦးစားပေး လုပ်ငန်းတွေထဲမှာ ပါဝင်တယ်လို့ အိန္ဒိယ ထိပ်တန်း အရာရှိတဦးက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ပြောခဲ့ပါတယ်။
Source-Reuters