မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေက ထိန်းချုပ်လို့မရတော့တဲ့နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေ ပုံပေါ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က သတိပေးလိုက် ပါတယ်။
ဇူလိုင် ၁၁ ရက်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ် စားလှယ် တွမ်အင်ဒရူးစ်နဲ့ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီတို့ တွေ့ဆုံချိန်မှာ ခုလို ပြောလိုက်တာဖြစ်ပြီး ဇန်နဝါရီလတုန်းက တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိထားတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက အပစ်အခတ်ရပ်စဲရေးဟာလည်း တစစီ ပြိုပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ တပ်ရင်းတပ်ဖွဲ့တွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ဆုံးရှုံးနေပြီး မြေပြင်စိုးမိုးနယ်မြေတွေလည်း ဆုံးရှုံးနေသလို တဖက်မှာလည်း ဒီဆုံးရှုံးမှုအတွက် အရပ်သားတွေကို တုံ့ပြန်တိုက်ခိုက်ရာမှာ ပြီးခဲ့တဲ့ ၆ လအတွင်း ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်မှု အရေအတွက် သိသိသာသာ တိုးလာခဲ့တယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲတွေ ရက်အတန်ကြာပြီးနောက် အခုသီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ဆက်သွယ်ရာမှာ အဓိကကျသော ကုန်သွယ်ရေးလမ်းမကြီးတလျှောက်က နောင်ချိုမြို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သိမ်းယူခဲ့သလို ရှမ်းပြည်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လနှောင်းပိုင်းကတည်းက နှစ်ဘက် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
Photo- Reuters