ထိုင်းမြောက်ပိုင်း နခွမ်းဆဝမ်ခရိုင်၊ ဖယုဟာခီရီမြို့နယ်ထဲမှာ တရားမဝင်မြန်မာအလုပ်သမား ၁၆ ဦးကို ထိုင်းနိုင်ငံသား လမ်းပြ ၄ ဦးနဲ့အတူ ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင် ၁၀ ရက်က မသင်္ကာဖွယ် ကား ၂ စီး တာ့ခ်ခရိုင်၊ မဲဆောက်က ထွက်လာတယ်ဆိုတဲ့ သတင်းပေးချက်အရ ဖဟွန်ယိုးထင်းလမ်းပေါ်မှာ စောင့်ကြပ်စစ်ဆေးရာ မနက် ၁ နာရီလောက်မှာ အဲဒီကားတွေကို မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်ကနေ တားဆီးစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ယာဉ်မောင်းနဲ့အတူ လူ ၂ ယောက်လိုက်ပါလာတဲ့ ပထမကား တစီးဟာ ရှေ့ကနေ လမ်းပြ ပေးတာ ဖြစ်ပြီး ဘေးနှစ်ဘက် လေပေါက်တွေဖောက်ထားတဲ့ ပစ္စည်းတင်ကွန်တိန်နာကားလို ဆင်ထားတဲ့ ဒုတိယကားမှာတော့ တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၆ ဦး လိုက်ပါလာတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူများကို စစ်ဆေးရာမှာတော့ လမ်းပြနဲ့ ယာဉ်တွေဟာ ထိုင်းလူမျိုးတွေဖြစ်ပြီး မဲဆောက်ကနေ အယုဒ္ဓယအထိ ဘတ် ၁၀၀၀၀နဲ့ ပို့ပေးဖို့ လက်ခံခဲ့တာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ထိုင်းလူမျိုး ၄ ဦးကို တရားမဝင်အလုပ်သမားတွေ နိုင်ငံတွင်းခေါ်လာမှု၊ ကာကွယ် သိုဝှက်ပေးမှုတွေနဲ့ အရေးယူမှာဖြစ်ပြီး မြန်မာ ၁၆ ဦးကိုလည်း လဝကဥပဒေနဲ့ အရေးယူကာ ပြည်နှင်ဒဏ်ပေးမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: MGR Online