မလေးရှားနဲ့ စင်ကာပူ နှစ်နိုင်ငံကြား အထူးစီးပွားရေးဇုန် (SEZ) ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရေး စင်ကာပူနိုင်ငံနဲ့ ပြည့်စုံတဲ့ သဘောတူညီချက်ကို စက်တင်ဘာလထဲမှာ လက်မှတ်ထိုးဖို့ စီစဉ်နေတယ်လို့ မလေးရှားအစိုးရက ဇူလိုင် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
အခုနှစ်နှောင်းပိုင်းမှာ စင်ကာပူနဲ့ မလေးရှား ခေါင်းဆောင်တွေကြား နှစ်ပတ်လည်ဆွေးနွေးပွဲ မတိုင်မီ နောက်ဆုံးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမယ်လို့ မလေးရှား စီးပွားရေးဝန်ကြီး ရာဖစ်ဇီ ရမ်လီက ပြောခဲ့တာပါ။
ဂျိုဟိုး-စင်ကာပူ အထူးစီးပွားရေးဇုန် (JS-SEZ) အတွက် အဆိုပြုချက်တွေထဲမှာ နိုင်ငံကူးလက်မှတ်မလိုတဲ့ လူဝင်မှုကြီးကြပ်ရေးစနစ် အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ငန်းခွင့်ပြုချက်တွေရဖို့ လွယ်ကူစေရေးတို့ ပါဝင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့နဲ့ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေး ရည်ရွယ်ပြီး စင်ကာပူနိုင်ငံ မြောက်ပိုင်းက မလေးရှားနိုင်ငံ တောင်ပိုင်း ဂျိုဟိုးပြည်နယ်မှာ အထူးစီးပွားရေးဇုန် ဖော်ဆောင်ဖို့ ဇန်နဝါရီလမှာ နှစ်နိုင်ငံကြား သဘောတူညီခဲ့ကြပါတယ်။
Source-Reuters