ဝေးလ်လက်ရွေးစင်အသင်းဟာ ကစားသမားဟောင်း ဘယ်လာမီကို ၄ နှစ်စာချုပ်နဲ့ အသင်း နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခဲ့ပါတယ်။
အသက် ၄၄ နှစ်ရှိ ဝေးလ်လက်ရွေးစင်ကစားသမားဟောင်း ဘယ်လာမီဟာ နိုင်ငံအသင်းအတွက် စုစုပေါင်း ၇၈ ပွဲကစားပေးခဲ့သူပါ။
သူဟာ မနှစ်ကရာသီမှာ ဘန်လေအသင်းနည်းပြ ဗင်းဆင့်ကွန်ပနီရဲ့ လက်ထောက်နည်းပြတဦး အဖြစ် တာဝန်ယူခဲ့ပါတယ်။
ကွန်ပနီက ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပေမဲ့ လိုက်ပါမသွားခဲ့ဘဲ မိခင်နိုင်ငံအသင်းကို တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကိုယ့်နိုင်ငံအသင်းရဲ့ လက်ရွေးစင်နည်းပြအဖြစ် တာဝန်ယူရမယ့်အပေါ် ဂုဏ်ယူကျေနပ်မိပြီး ကစားသမား၊ နည်းပြဘဝမှာ ဂုဏ်ယူစရာအကောင်းဆုံးတာဝန် ဖြစ်တယ်လို့ ဘယ်လာမီက ပြောပါတယ်။
အသင်းကို တိုးတက်မူတွေရှိလာအောင် အစွမ်းကို လုပ်ဆောင်ဖို့ ကတိပေးပြီး ဝေးလ်ဘောလုံး လောကကို တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ဘယ်လာမီက ပြောသွားပါတယ်။
Photo- Reuters