မြောက်ကိုရီးယား ထိပ်တန်းစစ်ရေးလေ့ကျင့်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၈ ရက်မှာ ပြုံယမ်း နိုင်ငံတကာလေဆိပ်ကနေ ရုရှားနိုင်ငံကို ထွက်ခွာခဲ့ပြီး ဒါဟာ မြောက်ကိုရီးယား-ရုရှား ၂ နိုင်ငံခေါင်းဆောင်တွေ ပိုပြီး အနီးကပ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ကတိပြုကြတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်မှာ ၂ နိုင်ငံအကြား ပထမဆုံးသော စစ်ရေးဖလှယ်မှုလည်း ဖြစ်ပါတယ်။
ကင်မ်အီလ်ဆွန်း စစ်တက္ကသိုလ် ဥက္ကဋ္ဌ ဂင်မ်ဂွန်းမ်ချိုင်လ်က စစ်ဘက်လေ့ကျင့်ရေး အရာရှိတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားကြောင်း KCNA နိုင်ငံပိုင်သတင်းဌာနက ဇူလိုင် ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကင်မ်ဂျုံအန်းက သူ့အရာရှိအဖွဲ့တွေ မထွက်ခွာခင် ပြုံယမ်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အလေးပြု နှုတ်ဆက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို KCNA က ပံ့ပိုးပေးထားပြီး ရိုက်တာကတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ ရုရှားနိုင်ငံမှာ သူတို့ ဘယ်နေရာတွေ သွားရောက်မယ် ဆိုတာတွေ အပါအဝင် တခြား အသေးစိတ် အချက်အလက်တွေကိုတော့ ပြောကြားခြင်းမရှိပါဘူး။
ဇွန်လတုန်းက ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြုံယမ်းကို လာရောက်ခဲ့မှု အပါအဝင် မနှစ်က အဆင့်မြင့်အရာရှိတွေ အများအပြား အပြန်အလှန် သွားရောက်ခဲ့ကြပြီးနောက်မှာ အခုနောက်ဆုံး စစ်တက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့က ရုရှားနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။
Source-Reuters