အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့ပထမဆုံး သဘာဝဓာတ်ငွေ့ (CNG) စွမ်းအင်သုံး မော်တော်ဆိုင်ကယ်ကို မိတ်ဆက်ခဲ့ပါတယ်။
ဖရီးဒမ်း-125 (Freedom 125) လို့ အမည်ပေးထားတဲ့ ဆိုင်ကယ်ကို အိန္ဒိယအခြေစိုက် ဘာဂျာ့ဂျ် အော်တို ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။
မဟာရက်ရှ်တာပြည်နယ်၊ ပူနေးမြို့မှာ ပြုလုပ်တဲ့ ပြပွဲမှာ ပို့ဆောင်ရေးဝန်ကြီး နီတင်ဂက်ဒ်ကာရီကိုယ်တိုင် မိတ်ဆက်ပေးခဲ့ပါတယ်။
CNG ဟာ အိန္ဒိယမှာ ဓာတ်ဆီ၊ ဒီဇယ်ထက် သက်သာတဲ့အတွက် ကုန်ကျစရိတ် ပိုသက်သာစေသလို ပတ်ဝန်းကျင်ထိခိုက်မှုလည်း လျှော့ချနိုင်မယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုဟာ အိန္ဒိယမှာ ကြီးထွားလာတဲ့ ပြဿနာတရပ် ဖြစ်ပါတယ်။
ယာဉ်တွေက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့နဲ့ လောင်စာဆီတင်သွင်းမှု လျှော့ချဖို့ ကြိုးစားနေပေမဲ့ မအောင်မြင်သေးပါဘူး။
ဓာတ်ဆီဆိုင်ကယ်ဆိုရင် တကီလိုမီတာကို ၂ ရူပီးနဲ့ ၂၅ ပီဆာ ကျပေမဲ့ စီအင်န်ဂျီနဲ့ဆိုရင် ၁ ရူပီးနီးပါးပဲ ကျမယ်လို့ ဆိုပါတယ်။
၂ လီတာ စီအင်န်ဂျီအိုးကို တခါဖြည့်ထားရင် ကီလိုမီတာ ၃၃၀ အထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။
စျေးနှုန်းက ရူပီး ၉၅,၀၀၀ က စပြီး တသိန်းကျော်အထိ ကျသင့်မှာဖြစ်ပါတယ်။
Source-Reuters