၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ကွယ်လွန်သူ မိခင် ဒေါ်အမာညွန့် အသက် ၇၈ နှစ်ရဲ့ ဈာပနမီးသင်္ဂြိုဟ်ပွဲကို ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ပြုလုပ်သွားပါတယ်။
ဒေါ်အမာညွန့်ဟာ ဇူလိုင် ၆ ရက် ညနေ ၆ နာရီကျော်လောက်က နှလုံးရောဂါဖောက်ရာကနေ သတိလစ်မေ့မျောသွားပြီး မဲဆောက်ဆေးရုံအရောက်မှာပဲ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ကိုဂျင်မီကို ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလှိုင် ၁၃ ရက်နေ့မှာ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။ မိခင်ဖြစ်သူကိုလည်း တပ်ထောက်ခံသူတွေက အင်းစိန်မြို့နယ်ရှိ နေအိမ်ရှေ့မှာ အော်ဟစ်ဆဲဆိုခြိမ်းခြောက်ခဲ့လို့ ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံခဲ့ရတာလို့ သိရပါတယ်။