ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမိကာဝါဟာ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဆုတ်ကျန်ဒါဆောင်ဖီးနဲ့ ဇူလိုင် ၆ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် နှစ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်း၊ မြောက်ကိုရီးယားနဲ့ မြန်မာ့အရေးတွေ အပါအဝင် နိုင်ငံတကာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
၂ နိုင်ငံကြား ဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို နက်ရှိုင်းအောင်လုပ်ဖို့ ရည်မှန်းတဲ့ တရားဝင် ခရီးစဉ်အဖြစ် ဝန်ကြီး ကာမိကာဝါဟာ ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်ပင်ကို ရောက်လာတာဖြစ်ပြီး မြန်မာ့အရေးဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်မသိရပါဘူး။
ရန်ကုန်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Aeon Orange စျေးဝယ်စင်တာ ဒါရိုက်တာ ဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ ကာဆာမတ်ဆု ဟီရိုရှီကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန် အစိုးရက တောင်းဆို ထားပါတယ်။
ကမ္ဘောဒီးယားမှာ ဂျပန်ကလာပြီး ရင်းနှီးမြှုပ်နှံတာတွေ ပိုလုပ်ဖို့ ဆန္ဒရှိတယ်လို့ အပြန်အလှန် ဆွေးနွေးပွဲအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Source: Reuters