ယူရိုကွာတားဖိုင်နယ်မှာ ပြင်သစ်အသင်းကိုရှုံးနိမ့်ခဲ့ပေမဲ့ ခြေစွမ်းပြခဲ့တဲ့ အသင်းသားတွေအတွက် ဂုဏ်ယူကြောင်းပေါ်တူဂီနည်းပြ မာတီနက်ဇ်က ပြောသွားပါတယ်။
ပေါ်တူဂီအသင်းဟာ ပွဲချိန်အတွင်းနဲ့ အချိန်ပိုမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာမှာ ၅ ဂိုး ၃ ဂိုးနဲ့ရှုံးနိမ့် ခဲ့ရတာပါ။
ပေါ်တူဂီအသင်းဟာ ပြင်သစ်အသင်းထက် အပိုင်အခွင့်အရေးပိုရခဲ့ပေမဲ့ စီရော်နယ်ဒိုနဲ့ နူနို မက်ဒက်ဇ်တို့ အသုံးမချနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရတာပါ။
ပေါ်တူဂီနည်းပြ မာတီနက်ဇ်ကတော့ စွမ်းဆောင်ရည်ကောင်းပြသခဲ့တဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပြီး သူတို့ဟာ ပေါ်တူဂီပြည်သူတွေကို ပျော်ရွှင်စေဖို့ အစွမ်းကိုပေးဆပ်ကစားခဲ့ကြကြောင်း ချီးကျူးပါတယ်။
ပြင်သစ်အသင်းက အသင်းကောင်းဖြစ်ပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာက ပွဲရဲ့အဆုံးအဖြတ်ဖြစ်စေခဲ့ကြောင်း နည်းပြမာတီနက်ဇ်က ပြောသွားပါတယ်။