Home
မြန်မာသတင်း
မိုင်းရယ်တွင် ပစ်ခတ်မှုစတင်ဖြစ်ပွား၊  ရွာသား ရာနှင့်ချီ  ထွက်ပြေးတိမ်းရှောင် 
DVB
·
July 5, 2024
လက်နက်ကြီးထိမှန် ပျက်စီးသွားသော နောင်မွန်ကျောင်းတိုက်။ Photo Crd-Jao Manizawta
လက်နက်ကြီးထိမှန် ပျက်စီးသွားသော နောင်မွန်ကျောင်းတိုက်။ Photo Crd-Jao Manizawta
လားရှိုးစစ်ဘေးရှောင်တနေရာ၊ Photo Crd-CJ
ဟိုယကျေးရွာအုပ်စုမှ စစ်ဘေးရှောင် သံဃာနှင့်ရွာသားများ။ Photo Crd-Zaihoya Aung Myat

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအုပ်စုထဲမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုဖြစ်တာကြောင့် ရာနဲ့ချီတဲ့ ရွာသားတွေ ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဇူလိုင် ၃ ရက် ညက ဟိုယကျေးရွာရဲ့ မြောက်ဘက်ကနေ ပစ်ခတ်သံတွေစကြားရပြီး ဇူလိုင် ၄ ရက်မှာ ပစ်ခတ်သံပိုပြင်းထန်လာတာကြောင့် ဟိုယကျေးရွာအုပ်စုထဲက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေတာလို့ မိုင်းရယ်ဒေသခံတဦးက ပြောပါတယ်။

“ဟိုယရွာမြောက်ဘက်နဲ့ တန့်ယန်းလမ်းခွဲမှာ မြန်မာတပ်စခန်းရှိတယ်။ သူတို့အဲဒီနေရာကို ဝင်တိုက်တယ်လို့ ထင်ပါတယ်။ အနီးကပ်သွားမကြည့်ရဲဘူး။ ပစ်ခတ်သံကြားတော့ ပြေးကြတာပဲ။ ရွာနားမှာလည်း  တရုတ်စစ်သား၊ ကိုးကန့်စစ်သားလာတယ်၊  သူတို့ကမကြောက်နဲ့ ရွာသားတွေကို ဘာမှမလုပ်ဘူးလို့ပြောတယ်။ ဒါပေမဲ့ ရွာထဲကို သေနတ်ကျည်တွေကျလာမှာ ကြောက်လို့ ပြေးကြတာ။”

ရွာသားတွေတင်မကဘဲ ရဟန်းသံဃာနဲ့ ကိုရင်လေးတွေ၊ သီလရှင်တွေပါ စစ်ရှောင်ကြပြီး ဟိုယအုပ်စု လွိုင်စက်တော်ဟန်းဟုန့်ကျောင်းတိုက်မှာ ၃၀၀ ကျော်သွားရောက်ခိုလှုံနေကြောင်း၊ ဒါ့အပြင် မိုင်းရယ်မြို့နယ် နားမဟျိုကျောင်းတိုက်မှာလည်း ၂၀၀ ကျော် ခိုလှုံနေတယ်၊ ဟိုယအုပ်စုထဲမှာ ကျေးရွာပေါင်း ၂၀ ခန့်ရှိပြီး မိုင်းရယ်မြို့ပေါ်ကိုတချို့၊ မန်ဇန့်ရွာဘက်တချို့၊ ဆိုင်ကျော့ဘက်တချို့ စတဲ့ဘေးလွတ်မယ်ထင်ရတဲ့ရွာတွေဘက်သွားကြတယ်၊ စစ်ဘေးရှောင် ဦးရေ ခန့်မှန်းလို့ မရဘူးလို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီဟာ နှစ်ဘက်အပစ်ခတ်မှုရပ်တံ့ရေး ဟိုင်ဂင်စာချုပ်ကို ချိုးဖောက်ပြီး မြောက်ပိုင်းမဟာမိတ်တွေရှိရာ တပ်စခန်းကို လေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့အတွက် 1027 operation  စစ်ဆင်ရေး Part - 2 ကို ပြန်စရတာလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ အထူးသဖြင့် ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေဟာ ဇွန် ၂၅ ရက်ကစ ဒီကနေ့ ဇူလိုင် ၄ ရက်အထိ လားရှိုးမြို့ပတ်လည်  အီနိုင်း ၊ နမ့်ပေါင် ၊ နောင်မွန် ၊ မိုင်းတင် ၊ နမ့်ဟူး စတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေ တာပါ။

လက်နက်ကျည်တွေဟာ လားရှိုးမြို့ပေါ်နဲ့တကွ အနီးနားကျေးရွာအုပ်စုတွေထဲကျလို့  ထိခိုက် သေဆုံးရသူ ဒေသခံ ၁၀ ယောက်ကျော်ရှိပြီး  ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်ခြေတွေ ပျက်စီးခဲ့ရပါတယ်။ 

စစ်ကောင်စီက မြို့အဝင်အထွက်တွေ ပိတ်ထားလို့ မနေ့က လားရှိုးဒေသခံတွေ မြို့ထဲ ပိတ်မိနေပေမယ့် ဒီကနေ့ ဇူလိုင် ၄ ရက် မနက်မှာတော့ အလံဖြူလွှင့်ထူထားတဲ့ စစ်ဘေးရှောင် ကားတွေ တသီတသန်း လားရှိုးကနေထွက်ခွါလာနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013