အသက် ၁၆ နှစ်အရွယ်နဲ့ ခြေစွမ်းပြနေတဲ့ စပိန်ကြယ်ပွင့် ကစားသမား လာမိန်းရာမယ်လ်ကို ဂျာမနီကွင်းလယ်ကစားသမား မူဆီယာလာက ချီးကျူးသွားပါတယ်။
မူစီယာလာနဲ့ ယာမယ်လ်တို့ဟာ အခုနှစ် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အထူးခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေပါ။
သူတို့ဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပြီး ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ယာမယ်လ်ရဲ့စွမ်းဆောင်ရည်အပေါ် မူစီယာလာက ချီးကျူးစကား ဆိုခဲ့တာပါ။
အသက် ၁၆ နှစ် အရွယ်နဲ့ စပိန်လက်ရွေးစင်အသင်းမှာ ပွဲထွက်ကစားခွင့်ရနေတာက အလွန်အံ့အားသင့်စရာကောင်းပြီး မိမိ အသက် ၁၆ နှစ်အရွယ်တုန်းကဆိုရင် စီနီယာအသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းဖို့တောင် လုံလောက်တဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှု မရှိခဲ့ကြောင်း မူစီယာလာက ပြောပါတယ်။
စပိန်အသင်းမှာ အန္တရာယ်ရှိတဲ့ ကစားသမားတွေအများကြီးရှိပြီး ရာမယ်လ်အပါအဝင် နီကို ဝီလီယံနဲ့ ပတ်ဒရီတို့ဟာ ပွဲကို ပြောင်းလဲနိုင်သူတွေဖြစ်ကြောင်း ဂျာမန်ကွင်းလယ်ကစားသမား မူစီယာလာက ချီးကျူးသွားပါတယ်။