Home
နိုင်ငံတကာ
ထိုင်း ၄၃ ခရိုင်တွင် မိုးသည်းထန်ပြီး ရေကြီးနိုင်
DVB
·
July 4, 2024
Photo - Matichon

လာမယ့် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံရဲ့  ၄၃ ခရိုင်မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဌာနက ဇူလိုင် ၄ ရက် ဒီမနက် ၆ နာရီမှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိရာသီဥတုအခြေအနေမှာ မြန်မာနိုင်ငံမှာ မုတ်သုံလေတွေ တိုက်ခတ်နေတယ်၊  ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသ၊ လာအိုနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံအထက်ပိုင်းမှာ လေ ဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတယ်၊ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်နဲ့  ထိုင်း ပင်လယ်ကွေ့တွေမှာ ပိုမိုအားကောင်းလာမယ်၊ ဒီလက္ခဏာတွေဟာ ထိုင်းနိုင်ငံမှာ မိုးပိုမိုရွာသွန်းစေပြီး တချို့နေရာ မိုးသည်းထန်မယ်လို့ခန့်မှန်းထားပါတယ်။

အထူးသဖြင့် အရှေ့မြောက်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်၊ ရေဝပ်တတ်တဲ့ အနိမ့်ပိုင်းဒေသတွေ သတိထားပြီး တောင်စောင်းတောင်ခါးပန်းနေ ပြည်သူတွေ တောင်ကျချောင်းရေကို သတိထားဖို့ ၊ ကပ္ပလီပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့တွေမှာ လှိုင်းအမြင့် ၁ ပေ မှ ၂ ပေထိ တက်နိုင်လို့ မိုးသားတက်ချိန် လှေတွေကမ်းကမခွာဖို့ သတိပေးထားပါတယ်။ 

မိုးကြီးနိုင်တဲ့ခရိုင်တွေကတော့ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့၊ ဥဒရာဒစ်၊ တာ့ခ်၊ ဗိစနုလုတ်၊ ဖေ့ချ်ဘွန်းစတဲ့ဧရိယာရဲ့ ၆၀ ရာခိုင်နှုန်း၊ အပူချိန် ၂၃ မှ ၃၅ စီတီဂရိတ် ၊ လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၁၅ ကီလိုမီတာရှိနိုင်တယ်လို့ ဆိုပါတယ်။ 

အရှေ့မြောက်ပိုင်းဒေသ လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ နခွန်းဖနုန်၊ စကွန်းနခွန်း၊ ချိုင်းယဖုမ်း၊ ခွန်ကဲန်၊ နခွန်းရာ့ချ်ဆီမား၊ ဒေသဧရိယာရဲ့ ၆၀ ရာနှုန်း၊ အပူချိန် ၂၄ မှ ၃၄ စင်တီဂရိတ်၊ လေတိုက်နှုန်း  ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာရှိပါတယ်။

အလယ်ပိုင်းဒေသ နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ လုပ်ပူရီ၊ ဆရပူရီ၊ ကန်ကျနပူရီ၊ နခွန်းပထုံ၊ စမွတ်စခွန်း၊  ဒေသဧရိယာရဲ့ ၆၀ ရာနှုန်း၊ အပူချိန် ၂၄ မှ ၃၅ စင်တီဂရိတ်၊ လေတိုက်နှုန်း  ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာရှိမယ်လို့ဆိုပါတယ်။

အရှေ့ပိုင်းဒေသ နခွန်းနားယုဒ် ၊ ပရာကျင်းပူရီ၊ ချချိန်းဆောဝ်း၊  ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ၊ တလာတ် ၊ ဒေသဧရိယာရဲ့ ၇၀  ရာနှုန်း၊ အပူချိန် ၂၄ မှ ၃၅ စင်တီဂရိတ်၊ လေတိုက်နှုန်း  ၁ နာရီလျှင် ၁၅ မှ ၃၀ ကီလိုမီတာ၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁ ပေမှ ၂ ပေထိ ရှိနိုင်ပါတယ်။ 

တောင်ပိုင်းဒေသ ဖေ့ချ်ပူရီ၊ ပရကျုပ်ခီရီခန်၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ပတ္တနီ၊ နရာသီဝပ်၊ ရနောင်း၊ ဖန်င၊ ဖူးကက်၊ ဒေသဧရိယာရဲ့ ၃၀ -၄၀  ရာနှုန်း၊ အပူချိန် ၂၄ မှ ၃၅ စင်တီဂရိတ်၊ လေတိုက်နှုန်း  ၁ နာရီလျှင် ၁၅ မှ ၃၀  ကီလိုမီတာ၊  ပင်လယ်လှိုင်းအမြင့် ၁ မီတာ  ရှိပြီး ဘန်ကောက်နှင့် အနီးတဝိုက် ဒေသဧရိယာရဲ့ ၆၀ ရာနှုန်း၊ အပူချိန် ၂၆ မှ ၃၅ စင်တီဂရိတ်၊ လေတိုက်နှုန်း  ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ ဖူးခတ်မှာ ရေကြီး ရေလျှံဖြစ်နေလို့ လမ်းတွေ ရေကျော်ခဲ့သလို လေကြောင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

Source: Matichon

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013