စီးပွားရေးဖွံ့ဖြိုးဖို့ ဂရိနိုင်ငံမှာ ၁ ပတ် ၆ ရက် အလုပ်လုပ်တဲ့ ပုံစံကို စတင်ကျင့်သုံးနေပြီး ဥပဒေသစ် ပြဋ္ဌာန်းချက်အရ အလုပ်လုပ်တဲ့အချိန်ကို ဇူလိုင်လမှာ စတင်မှာဖြစ်ပြီး ၁ ပတ် အလုပ်ချိန် ၄၈ နာရီအထိ တိုးမြှင့်မှာ ဖြစ်ပါတယ်။
အလုပ်ချိန်ဟာ ၂၄ နာရီအပေါ် အခြေခံပြီး ပိုလုပ်တဲ့ အလုပ်သမားတွေကို အိုဗာတိုင်ကြေး ၄၀ ရာခိုင်နှုန်းပေးမှာ ဖြစ်ပါတယ်။
ဂရိနိုင်ငံရဲ့ အလုပ်ချိန်ဟာ ၁ ပတ် ၄ ရက်သာ အလုပ်လုပ်ရတဲ့ ဥရောပ၊ အမေရိကန်တို့နဲ့ မတူဘဲ ကွဲပြားနေပါတယ်။
ဂရိနိုင်ငံရဲ့ ၆ ရက် အလုပ်ချိန်သတ်မှတ်တာက အခွန်တိမ်းရှောင်ခြင်းကို အထောက်အပံ့ ဖြစ်စေကြောင်း ဂရိမီဒီယာ ERT က ဖော်ပြပါတယ်။
ဒီဥပဒေမှာ ခရီးသွားလုပ်ငန်းနဲ့ စားသောက်ကုန်လုပ်ငန်းတို့ ပါဝင်မှာတော့ မဟုတ်ပါဘူး။
အလုပ်ချိန်သတ်မှတ်မှုအသစ်ကြောင့် လုပ်ငန်းတွေကို ၂၄ နာရီလုံး လည်ပတ်နိုင်ပြီး အလုပ်သမားတွေကိုလည်း အချိန်ပိုင်းနဲ့ အသုံးပြုနိုင်မယ်လို့ ဂရိအလုပ်သမားရေးနဲ့ လူမှုလုံခြုံရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
ကမ္ဘာ့စီးပွားရေးအကျပ်အတည်းဖြစ်တဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်း ဂရိနိုင်ငံဟာ လူထုရဲ့ အသုံးစွဲကြီးမှုနဲ့ အခွန်ရှောင်မှုတွေကြောင့် အကြွေးတွေ များလာခဲ့ပါတယ်။
ဂရိနိုင်ငံဟာ စီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံတကာအကူအညီ ယူရပြီးနောက် နိုင်ငံရဲ့ စီးပွားရေး ပြန်လည်တိုးတက်လာဖို့ ယုံကြည်ကြောင်း ဝန်ကြီးချုပ် မစ်ဆိုတာကစ်က ပြောပါတယ်။ ဒါပေမဲ့ ဂရိနိုင်ငံရဲ့ အလုပ်ချိန်က တခြားဥရောပနိုင်ငံတွေနဲ့ ကွဲပြားနေပါတယ်။
ကိုဗစ်ကာလကတည်းက အလုပ်ချိန်ဟာ ၁ ပတ် ၄ ရက်ကို ပြောင်းလဲကျင့်သုံးခဲ့ပြီး အလုပ်သမားတွေလည်း လုပ်အားခပေးတာမျိုး မရှိခဲ့ပါဘူး။
၁ ပတ် ၄ ရက် အလုပ်ချိန် စမ်းသပ်အသုံးပြုနေတဲ့ အိုင်စလန်နိုင်ငံရဲ့ စမ်းသပ်မှုက အောင်မြင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
Source-Reuters