ကျန်နေသေးတဲ့ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ်အဖြစ် ကျခံခွင့်ပြုဖို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ခ်ရဲ့ တရားရုံး တောင်းဆိုချက်ကို မလေးရှားတရားရုံးက ဇူလိုင် ၃ ရက်မှာ ပယ်ချလိုက်ပါတယ်။
ဧပြီ ၁ ရက်က တင်သွင်းခဲ့တဲ့ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု လျှောက်လွှာထဲမှာ နာဂျစ်က ဒေါ်လာဘီလီယံနဲ့ချီပြီး ပါဝင်ပတ်သက်နေတဲ့ 1MDB အရှုပ်တော်ပုံမှာ အဂတိလိုက်စားမှုနဲ့ ကျခံရမယ့် ထောင်ဒဏ် ၁၂ နှစ်ကို ထက်ဝက်လျှော့ချဖို့ လွတ်ငြိမ်းချမ်းသာခွင့်ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ဘုရင်ဟောင်းက ဖေဖော်ဝါရီလထဲမှာ အမိန့်ထုတ်ပြန်ခဲ့ ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ မီဒီယာကို ထုတ်ပြန်တဲ့ စီရင်ချက် မိတ္တူထဲမှာ နာဂျစ်ရဲ့ လျှောက်ထားချက်ကို အပြည့်အစုံကြားနာဖို့ အာမခံပေးမယ့် ငြင်းခုံနိုင်တဲ့ အကြောင်းကိစ္စ မရှိတာကို ကွာလာလမ်ပူတရားရုံးက တွေ့ရှိခဲ့ပါတယ်။
နာဂျစ်က ဒီဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ စီစဉ်ထားပြီး ကျင့်ဝတ်အရ အစိုးရက အဖြေပေးသင့်တယ်လို့ သူ့ရှေ့နေ မူဟမ်မဒ်ရှဖီးအဗ်ဒူလာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နာဂျစ်ရဲ့ သက်တမ်းတဝက်ကို လျှော့ချတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဘုတ်အဖွဲ့ကို ဘုရင် အယ်လ်ဆူလတန် အဗ္ဗဒူလာ အဟ်မဒ် ရှာဟ်က ဦးဆောင်ပြီး ဇန်နဝါရီမှာ နိုင်ငံ့ခေါင်းဆောင် အဖြစ် ၅ နှစ်သက်တမ်း ကုန်ဆုံးခဲ့ပါတယ်။
Source-Reuters