Home
မြန်မာသတင်း
မတူပီတွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များ ပျက်စီး
DVB
·
July 4, 2024
Photo Crd-Chinland Defense Force Matupi (Brigade 1)

ချင်းပြည်နယ်၊ မတူပီမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ပစ်ခတ်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ် အများအပြား ပျက်စီးသွားတယ်လို့ Chinland Defense Force Matupi (Brigade 1)က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

Chinland Defense Force Matupi (Brigade 1) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “တိုက်ပွဲမှာ စစ်တပ်က မြို့ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေကြောင်းကနေလည်း မြို့ပေါ်ကို ဗုံးကြဲတော့ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်တွေပေါ်ကျပြီး ပျက်စီးကုန်တာ။ တမြို့လုံး အနေအထားအရ ပျက်စီးသွား တဲ့အရေအတွက်ကိုတော့ နယ်မြေရှင်းလင်းရင်းနဲ့ စာရင်းပြုစု နေပါတယ်”လို့ ပြောပါတယ်။

မတူပီမြို့က ခရစ်ယာန် ယူနီယံဓမ္မကောလိပ် - Union Theological College (UTC)၊ မတူပီနှစ်ခြင်းအသင်းတော် - Matupi Baptist Church၊ ထပ်ဒွန်းနှစ်ခြင်းဘုရားကျောင်း - That Dun Memorial Baptist Church တို့ ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မတူပီမြို့ကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ဇွန် ၉ ရက်ကနေ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၉ ရက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ဘေးရှောင် မတူပီမြို့ခံတဦးက “ပြန်တဲ့သူတွေလည်း ပြန်ကုန်ကြပြီ။ မပြန်ကြသေးတဲ့သူတွေလည်း ရှိသေးတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ မြို့ကို မပြန်သေးဘူး။ အခြေအနေအားလုံး တည်ငြိမ်ပြီဆိုမှ ပြန်မယ်” လို့ ပြောပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ တခြားမဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် အတွင်းမှာ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ကင်းစင်ရေး ရည်မှန်းချက်နဲ့အညီ မြို့သိမ်း တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်မယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013