Home
မြန်မာသတင်း
မြစ်ကြီးနား၌ စက်သုံးဆီ ပြတ်လတ်ပြီး ဆီဆိုင်အချို့ ပိတ်ထား
DVB
·
July 4, 2024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင် တချို့ပိတ်ထားပြီး မော်တော်ယာဉ် အသုံးပြုသူတွေ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြို့ပေါ်ရပ်ကွက်တချို့ ရေနစ်မြုပ်ခဲ့ပြီးနောက် စက်သုံးဆီဆိုင်တွေ အရောင်းအဝယ် ရပ်နားထားကာ  လမ်းဘေးဆီဆိုင်တွေမှာ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေကြရပါတယ်။

မြစ်ကြီးနားမြို့ခံတဦးက "ပုဂ္ဂလိက ဆီဆိုင်ကြီးတွေ အတော်များများပိတ်ထားတယ်။ တချို့ ဆိုင် တွေဆို ဆီပန့်တွေပါ ဖြုတ်ထားရတယ်။ ဖွင့်တဲ့ဆိုင်တွေကလည်း လူဦးရေကန့်သတ်ပြီး ၅၀၀၀ ဖိုးပဲရောင်းပေးတယ်။ အဲ့ဒီမှာ ဆီ တန်းစီ တိုးပြီး ပြန်ရောင်းတဲ့သူတွေ အများကြီးပဲ။ သူတို့ ဘယ်ဆိုင်ဆီရမလဲ စုံစမ်းပြီး လိုက်တန်းစီနေကြတာ သူတို့ပဲ ရသွားတာများတယ်"လို့ ပြောပါတယ်။

စက်သုံးဆီ ပုဂ္ဂလိကဆိုင်ကြီးတွေမှာ အချိန်အကန့်အသတ်  စက်သုံးဆီ အကန့်အသတ်နဲ့ တဦးလျှင် တလီတာ ကျပ် ၅၀၀၀ ဖိုးသာ ရောင်းချနေပေမဲ့ လမ်းဘေး ဆီဆိုင်ငယ်လေးတွေမှာတော့ ဓာတ်ဆီ တလီတာ ကျပ် ၁၅၀၀၀ မှ ကျပ်  ၂၀၀၀၀  အထိရောင်းချနေ ပါတယ်။

ဇွန် ၂၉ ကစတင်ပြီး ဧရာဝတီမြစ်ရေ တိုးလာတဲ့အတွက်  မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် အတော်များများမှာ ရေနစ်မြုပ်ခဲ့ပြီးနောက်  ဒေသခံ ပြည်သူတွေ စက်သုံးဆီရှားပါးမှုရော  ကုန်ဈေးနှုန်းတွေကြီးမြင့်မှု ဒဏ်တွေပါ ခံနေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013