ပင်နယ်တီလွဲခဲ့လို့ ပွဲချိန်အတွင်းမှာပဲ မျက်ရည်ကျခဲ့ရတဲ့ စီရော်နယ်ဒိုဟာ ဘောလုံးသုံးသပ်သူတွေရဲ့ ဝေဖန်မှုခံခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ ဆလိုဗေးနီးယားနဲ့ပွဲစဉ် အချိန်ပို ၁၀၅ မိနစ်မှာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမဲ့ လွဲချော်ခဲ့တာပါ။
အဲဒီနောက် ပင်နယ်တီလွဲချော်ပြီးချိန်နဲ့ အချိန်ပိုပထမပိုင်းပြီးချိန်ခဏအတွင်းမှာ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့တာပါ။
ရော်နယ်ဒိုအနေနဲ့ အဲဒီလိုငိုကြွေးခဲ့တာက စိတ်ပျက်စရာကောင်းပြီ ကိုယ့်အတွက်ကိုပဲ ကြည့်တဲ့အတွက်လို့ ထင်မြင်ကြောင်း လီဗာပူးနဲ့ ဂျာမနီကွင်းလယ်ကစားသမားဟောင်း ဟာမန်းက ပြောပါတယ်။
ဒါပေမဲ့ ရော်နယ်ဒိုအနေနဲ့ ပင်နယ်တီအဆုံးအဖြတ်ကန်ရာမှာတော့ ပထမဆုံးပယ်နယ်တီကို ကန်သွင်းယူခဲ့တာကိုတော့ ချီးကျူးရာမှာဖြစ်တယ်လို့ ပြောပါတယ်။
အင်္ဂလန်နဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီဟာလည်း ရော်နယ်ဒိုရဲ့ ပွဲမပြီးခင် အရှုံးပေးခဲ့ပြီး မျက်ရည်ကျခဲ့တဲ့အပေါ် ဝေဖန်ပါတယ်။
ရော်နယ်ဒိုဟာ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ပေါ်တူဂီအတွက် ပထမဆုံး ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာ ပေါ်တူဂီအသင်းက ၃ ဂိုး စလုံးဝင်ပြီး ဆလိုဗေးနီးယားရဲ့ ကန်သွင်းချက်တွေကို ပေါ်တူဂီဂိုးသမားက ၃ လုံးဆက်တိုက် လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ တလုံးမှာ မဝင်တာကြောင့် ၃ ဂိုး ဂိုးမရှိနဲ့ ပေါ်တူဂီအသင်းက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။