Home
မြန်မာသတင်း
မန္တလေး စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တပ်ကြပ် ၁ ဦး အလင်းဝင်
DVB
·
July 1, 2024

မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၉၁၀ က တပ်ကြပ်အဆင့်ရှိသူတဦးဟာ ဇွန် ၃၀ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ Yoma Yar Zar PDF အဖွဲ့ရဲ့ တာဝန်ခံတဦးက “မန္တလေး စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကနေ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား တပ်ကြပ်အဆင့်ရှိသူတဦးက သူ့ရဲ့သေနတ် အပါအဝင် ခဲယမ်းတွေ အပ်နှံပြီး အလင်းဝင်လာတာပါ” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်အဆင့်ရှိသူဟာ MA 1 သေနတ်တလက်၊ ကျည် ၂၃၉ တောင့်တို့နဲ့အတူ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

“အခု အလင်းဝင်ရောက်လာသူက ကျနော်တို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ ရဲ့ တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ သူ့ညီနဲ့ မေလ ၁၅ ရက်နေ့ကတည်းက ဆက်သွယ် ဝင်ရောက်လာခဲ့တာပါ။ သူ့ကို ချီးမြင့်ငွေ သိန်း ၈၀ ကျော် ပေးအပ်ထားပြီး လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ထားပါတယ်။ သူ့အတွက် ထပ်ပြီးတော့လည်း အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေ ရဦးမှာပါ” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ Yoma Yar Zar PDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ လက်အောက်ခံတွေ အနေနဲ့လည်း မိမိတို့ဘဝအတွက် အနာဂတ်ကောင်းမွန်စေဖို့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013