အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ဒီရာသီရဲ့ ပထမဆုံး ဟာရီကိန်းမုန်တိုင်းအဖြစ် အရှိန်ကောင်းလာတဲ့ ဘာရီးလ်မုန်တိုင်းဟာ ကာရေဘီယံဒေသကို ဝင်ရောက်တိုက်ခိုက်တော့မှာ ဖြစ်တယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းပါတယ်။
ကာရေဘီယံကျွန်းတွေဖြစ်တဲ့ ဘာဘေးဒိုးစ်၊ ဒိုမီနီကာ၊ ဂရေနာဒါနဲ့ မာတီနစ် တို့ကို ဇွန် ၃၀ ရက်မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ဘာရီးလ်ဟာ အဆင့်သုံးမုန်တိုင်းအဖြစ် အင်အားကောင်းလာနိုင်ပြီး လာမယ့်ရက်တွေအတွင်း ကာရေဘီယံကနေ မက္ကဆီကိုပင်လယ်ကွေ့ကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ဘာဘေးဒိုးစ်ကျွန်းနိုင်ငံငယ်ရဲ့ အနောက်ဘက် ဝင်းဒ်ဝါဒ့်ကျွန်းကို အရင်ဝင်ဖို့ရှိပြီး ဓာတ်အား ပြတ်တောက်မှုတွေ၊ အခါမဟုတ် ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဟာရီကိန်းရာသီဟာ ဇွန် ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိလို့ အကြမ်းဖျင်း သတ်မှတ်ကြပြီး ဒီနှစ်ဟာ မုန်တိုင်းများမယ့်နှစ်လို့ မိုးလေဝသပညာရှင်တွေက ဆိုပါတယ်။
Source-Reuters