Home
နိုင်ငံတကာ
ပို့ကုန်အားကောင်းသဖြင့် ဗီယက်နမ်စီးပွားရေး တိုးတက်မှု အရှိန်မြင့်
DVB
·
July 1, 2024
Photo-Reuters

၂၀၂၄ ဒုတိယသုံးလပတ်မှာ ပို့ကုန်အားကောင်းတာကြောင့် ဗီယက်နမ် စီးပွားရေးတိုးတက်မှု အရှိန်မြင့်လာခဲ့တယ်လို့ အစိုးရထုတ်ပြန်တဲ့ စာရင်းဇယားတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာကတော့ စိန်ခေါ်မှုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) ဟာ ဒုတိယသုံးလပတ်မှာ ၆ ဒသမ ၉၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ပထမသုံးလပတ်ထက် တိုးတက်မှု မြန်ဆန်ခဲ့ပါတယ်။

ဒီနှစ် နှစ်ဝက်အတွင်း စီးပွားရေးလည်း ၆ ဒသမ ၄၂ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဝယ်လိုအား လျော့ကျမှုနဲ့ ဓာတ်အားမလုံလောက်မှုတွေကြောင့် ဖွံ့ဖြိုးမှုမျှော်မှန်းချက် မပြည့်မီခဲ့တဲ့ ဗီယက်နမ်ဟာ ဒီနှစ်မှာတော့ စမတ်ဖုန်း၊ အီလက်ထရောနစ်နဲ့ အထည်အလိပ် တင်ပို့မှုတွေ အားကောင်းနေခြင်းနဲ့အတူ တိုးတက်မှု ၆ ကနေ ၆ ဒသမ ၅ ရာခိုင်နှုန်း ရဖို့ မျှော်လင့်ထားပါတယ်။

ဗီယက်နမ်ပို့ကုန်ဟာ ပထမနှစ်ဝက်မှာ မနှစ်ကထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံအထိ ရှိခဲ့ပါတယ်။ စက်မှုကုန်ထုတ်လုပ်မှုကလည်း ၁၀ ရာခိုင်နှုန်းကျော် တိုးလာပါတယ်။

ဗီယက်နမ်အစိုးရဟာ ငွေကြေးဖောင်းပွမှုကို ဒီနှစ်မှာ ၄ ဒသမ ၅ ရာခိုင်နှုန်းထက် မပိုအောင် ထိန်းနိုင်ဖို့ ကြိုးစားနေပြီး စျေးအတက်အကျပေါ်လိုက်ပြီး ဓာတ်အား၊ ဆေးကုသမှုနဲ့ ကျန်းမာရေးဝန်ဆောင်မှု နှုန်းထားတွေကို ပြင်ဆင်သွားဖို့ ရှိနေပါတယ်။

အစိုးရဝန်ထမ်းလစာတွေ ၃၀ ရာခိုင်နှုန်း တိုးပေးလိုက်တာ၊ ပင်စင်လစာ ၁၅ ရာခိုင်နှုန်း တိုးပေးလိုက်တာကလည်း ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013