Home
နိုင်ငံတကာ
လွှတ်တော် တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရသူများကို ချက်ချင်းလွှတ်ပေးရန် ထရမ့်ပ်ပြော
DVB
·
June 30, 2024
Photo - REUTERS/Brendan McDermi

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော်အဆောက်အဦကို တိုက်ခိုက်မှုကြောင့် ဖမ်းဆီးတရားစွဲခံထားရတဲ့ သူ့ထောက်ခံသူတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဗာဂျီးနီးယားမှာ ကျင်းပတဲ့ မဲဆွယ်ပွဲတခုမှာ ရီပက်ဘလစ်ကန် ကိုယ်စားလှယ်လောင်း  ထရမ့်က အဓိကရုဏ်းနဲ့ဆက်စပ်နေတဲ့ တားဆီးမှုစွဲချက်တခုကို ရင်ဆိုင်ရတဲ့ အမျိုးသားတဦးကို တရားရုံးချုပ်က အသာပေးဆုံးဖြတ်လိုက်မှုကို ကိုးကားပြီး ထရမ့်ပ်က ထောက်ပြ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့သောကြာနေ့ စီရင်ချက်ဟာ ထရမ့်ပ်နဲ့ လွှတ်တော်အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံတွေကို ဖက်ဒရယ်ရွေးကောက်ပွဲကို နှောင့်ယှက်မှုနဲ့ စွဲချက်တင်ထားတဲ့ အစိုးရရှေ့နေတွေကို မီးနီပြတားမြစ်တာလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း ထရမ့်ပ်ဟာ ကြာသပတေး ညပိုင်းက စကားစစ်ထိုးပွဲအတွင်း သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ ခွန်အားနဲ့ အားနည်းချက်၊ အရည်အချင်းရှိမှုနဲ့ အရည်အချင်းမရှိမှု၊ ငြိမ်းချမ်းသာယာ ဝပြောရေးလား၊ စစ်ပွဲလား ဒါမှမဟုတ် စစ်ပွဲမဖြစ်ဖို့လား ဒါတွေကြားက ရွေးချယ်မှုတခုပဲလို့ ထရမ့်ပ်က ပြောပါတယ်။

စကားစစ်ထိုးပွဲကတော့ ဘိုင်ဒင်အတွက်တင်မကဘဲ အစွန်းရောက် လက်ဝဲဒီမိုကရက်တစ်ပါတီနဲ့ သတင်းအတု မီဒီယာတွေအတွက်ပါ ရှုံးနိမ့်မှုပဲလို့လည်း ထရမ့်ပ်က ပြောသွားပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013