အီတလီနောက်ခံလူ ကာလာဖီအိုရီကို ခေါ်ယူဖို့ ဥရောပထိပ်တန်းကလပ်တွေ အပြိုင်ကြိုးပမ်းနေကြပါတယ်။
အသက် ၂၂ နှစ်ပဲရှိသေးတဲ့ ဘိုလော့ဂ်နာ နောက်ခံလူဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အီတလီအသင်းမှာ ပွဲထွက်ကစားခွင့်ရနေသူပါ။
အသက်ငယ်သေးပေမဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်ကြောင့် မိခင်ကလပ် ဘိုလော့ဂ်နာအသင်းကို ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့သူပါ။
အီတလီသတင်းစာ လာဂတ်ဇက်တာ ဒယ်လိုစပေါ့ရဲ့ ဖော်ပြချက်အရ ကာလာဖီအိုရီကို ဂျူဗင်တပ်အသင်း အပါအဝင် အာဆင်နယ်၊ လီဗာပူး၊ နယူးကာဆယ်နဲ့ စပါးအသင်းတွေကလည်း ခေါ်ယူလိုနေကြောင်း သိရပါတယ်။
နောက်ဆုံးသတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဆော်ဒီလိဂ်ဆီ ထွက်ခွာသွားတဲ့ နာချိုဖာနန်ဒက်စ်နေရာမှာ ကာလာဖီအိုရီနဲ့ အစားထိုးဖို့ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ကာလာဖီအိုရီကို ယူရို သန်း၅၀ ဈေးနှုန်းသတ်မှတ်ထားပြီး ဘိုလော့ဂ်နာအသင်းဘက်ကတော့ ရောင်းချဖို့ ဆန္ဒမရှိသေးဘူးလို့ သိရပါတယ်။