Home
နိုင်ငံတကာ
အာရှ-ပစိဖိတ် ဒေသတွင် ကမ္ဘာ့အကြီးဆုံး ရေကြောင်း စစ်ရေးလေ့ကျင့်မှု စတင်
DVB
·
June 28, 2024
Photo-Yonhap

အမေရိကန်ရေတပ်ဟာ ဟာဝိုင်အီမှာ ကမ္ဘာ့အကြီးဆုံး ရေကြောင်း စစ်ရေးလေ့ကျင့်မှု စတင်ပြလုပ်နေပါတယ်။

နှစ်တိုင်း RIMPAC အဖွဲ့က လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ အဖွဲ့ဝင် နိုင်ငံ ၂၉ နိုင်ငံ ပါဝင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ရေကြောင်း စစ်ရေးလေ့ကျင့်နေတာ ဖြစ်ပါတယ်။

RIMPAC က ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ဒီနှစ်မှာ ရည်ရွယ်ထားပါတယ်။

အာရှ-ပစိဖိတ်မှာ စစ်အင်အားတိုးချဲ့ဖို့ ဘက်ပေါင်းစုံပါဝင်တဲ့ ကာကွယ်ရေးသဘောတူညီမှု အသစ်တွေ ပြုလုပ်ထားပါတယ်။

ဒါဟာ တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်နေတဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ရဲ့ ပြိုင်ဆိုင်မှု အင်အားကြီးထွားလာတာ ဖြစ်ပါတယ်။

RIMPAC စစ်ရေးလေ့ကျင့်မှုတွေ မပြုလုပ်မီ အမေရိကန်ဟာ နျူစွမ်းအင်သုံး လေယာဥ်ကို ကိုရီးယားကျွန်းဆွယ်အထိ စေလွှတ်ခဲ့ဖူးပြီး စစ်ရေးလေ့ကျင့်တဲ့ နေရာမှာ သုံးခဲ့ပါတယ်။

RIMPAC ကို ၁၉၇၁ ခုနှစ်က သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နိုင်ငံတို့က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် စစ်ရေးပြမှုမှာ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့ ပါဝင်လို့ အရှေ့တောင်အာရှ၊ တောင်အာရှ၊ လက်တင်အမေရိကနဲ့ ဥရောပနိုင်ငံ ၇ နိုင်ငံ ပါဝင်ပါတယ်။​

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013