Home
နိုင်ငံတကာ
၅ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်းအားပြည့်မည့် လျှပ်စစ်ကားဘက်ထရီ Nyobolt ကုမ္ပဏီစမ်းသပ်
DVB
·
June 28, 2024
Photo-Reuters

EV ကားတွေထုတ်လုပ်တဲ့ Nyobolt ကုမ္ပဏီဟာ ၅ မိနစ်အတွင်း သွင်းအား ၈၀ ရာခိုင်နှုန်းအထိ ရောက်အောင် အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။

EV ကားထုတ်လုပ်သူတွေဟာ အချိန်တိုအတွင်း လျှပ်စစ်အားသွင်းမှုကို လျင်လျင်မြန်မြန်နဲ့ ပြုလုပ်နိုင်ဖို့ ကြိုးစားနေခဲ့ကြတာမှာ  Nyobolt က အောင်မြင်ခဲ့တာပါ။

၄ မိနစ်အတွင်း ဘက်ထရီ ၁၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အားပြည့်နိုင်ကြောင်း ၃၇ စက္ကန့်ကြာ သရုပ်ပြဗွီဒီယိုမှာ ဖော်ပြထားပါတယ်။

Tesla ကားတွေမှာတော့ ၁၅ မိနစ်ကနေ မိနစ် ၂၀ အတွင်း ဘက်ထရီအား ၈၀ ရာခိုင်နှုန်း ဖြည့်တင်းနိုင်တာနဲ့ ယှဥ်ကြည့်ရင် Nyobolt က အသာရနေပါတယ်။

EV ကားတွေ ခေတ်စားလာပေမဲ့ ခရီးဝေးဝေးသွားနိုင်မှုက အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

အားသွင်းစနစ် လျင်မြန်မှုက ခရီးဝေးသွားဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။​ ၂ ရက်ကြာ စမ်းသပ်မှုမှာ Sports ကားအမျိုးအစားဖြစ်တဲ့ Nyobolt ဟာ ၄ မိနစ်ကြာ အားသွင်းပြီးနောက် မိုင် ၁၂၀ သွားနိုင်ခဲ့ပါတယ်။

Tesla ကတော့ အား ၈၀ ရာခိုင်နှုန်းနဲ့ မိုင် ၂၀၀ သွားနိုင်တာ တွေ့ရပါတယ်။ Nyobolt ကားဟာ ၆ မိနစ်အတွင်း ဘက်ထရီ ၀ ရာခိုင်နှုန်းကနေ ရာနှုန်းပြည့် အားပြည့်အောင် သွင်းနိုင်တယ်လို့ ဆိုပါတယ်။

ဘက်ထရီဆိုင်ကယ် ၄,၀၀၀ မှာလည်း Nyobolt ကားက ၈၀ ရာခိုင်နှုန်း အားသွင်းလို့ ရသေးတယ်လို့ ကြေညာထားပါတယ်။

Apple ဖုန်းတွေမှာ ဘက်ထရီဆိုက်ကယ် ၁,၀၀၀ မှာ ၈၀ ရာခိုင်နှုန်း အားသွင်းလို့ရတယ်လို့ ပြောထားတာကြောင့် Nyobolt Sports ကား ဘက်ထရီက တခြား ဘက်ထရီတွေထက်ပိုပြီး အားသာချက်တွေ ရှိနေပါတယ်။​

နည်းပညာကုမ္ပဏီတွေဟာ ဘက်ထရီတွေကို အားသွင်းမြန်ဖို့၊ အလေးချိန်ပေါ့ပါးဖို့နဲ့ အကြမ်းခံဖို့ ရည်ရွယ်ပြီး အပြိုင်အဆိုင် ကြိုးစားနေတာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024