Home
မြန်မာသတင်း
မြန်မာနှင့် ပုံမှန်မဟုတ်သည့် ငွေသွင်းငွေထုတ်မှုများမရှိဟု ထိုင်းဘဏ်တုံ့ပြန်
DVB
·
June 28, 2024
Photo Crd-SCB

မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေမှာ မမှန်မကန်တဲ့ ငွေသွင်းငွေထုတ် လုပ်ဆောင်မှုတွေ မတွေ့ခဲ့ရဘူးလို့ ထိုင်းနိုင်ငံအခြေစိုက်  Siam Commercial Bank (SCB) က တုံ့ပြန် လိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်က စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ ငွေကြေးဝန်ဆောင်မှုတွေ အတွက် ထိုင်းဘဏ်တွေက ထိပ်တန်းပံ့ပိုးကူညီသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင် ခံစာသစ်မှာ ဖော်ပြလိုက်တဲ့အပေါ်  တုံ့ပြန်ငြင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့ အစီရင်ခံစာထဲမှာတော့ ထိုင်းဘဏ် ၅ ခုအပါအဝင် နိုင်ငံတကာဘဏ် ၁၆ ခုက မြန်မာစစ်အုပ်စုရဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်း၀ယ်ယူရေး လုပ် ငန်းတွေကို လွယ်ကူချောမွေ့စေခဲ့တယ်လို့ ဖော်ပြထားခဲ့တာပါ။

ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတွေကနေ စစ်ကောင်စီကာကာကွယ်ရေး ဝန်ကြီးဌာနဆီ ပေးပို့တဲ့ ပစ္စည်းတွေထဲမှာတော့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ ကနေ ရေဒီယိုဆက်သွယ်ရေးနဲ့ အိုင်တီပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ ချောဆီနဲ့ ရေနံဆီလိုမျိုး နှစ်မျိုးသုံးကုန်ပစ္စည်းတွေ အထိ ပါဝင်နေပြီး တန်ဖိုးအတိအကျ ခွဲခြမ်းစိတ်ဖြာလို့ မရရှိနိုင်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာထဲမှာတော့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ဆီတင်ပို့တဲ့ စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ အထိ နှစ်ဆတိုးလာတယ်လို့ ဖော်ပြထားပြီးတော့ "ထိုင်းဘဏ်တွေဘက်က ပံ့ပိုးပေးတဲ့ စစ် ဘက်ဆိုင်ရာ ၀ယ်လိုအား များပြားလာတာက SCB ဘဏ်ကတဆင့် ကုန်သွယ်မှုတွေ တိုးလာတာကြောင့် ကြီးမားသော တွန်းအားဖြစ်စေတယ်" လို့ ဖော်ပြထားသလို ၂၀၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၅ သန်းရှိရာကနေ ၂၀၂၄ မတ်လ ဘဏ္ဍာနှစ်မှာတော့  သန်း ၁၀၀ အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

SCB ဘဏ်ဘက်က ထုတ်ပြန်ချက်မှာတော့ ဘဏ်အနေနဲ့ လက်ရှိမှာ မြန်မာနိုင်ငံကို လူ သုံးကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် ငွေပေးချေမှုတွေမှာ ထိုင်းနဲ့  နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့ အဓိကရည်ရွယ်ချက်နဲ့ နိုင်ငံတကာငွေပေးငွေယူ ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပြီးတော့ ဒီဝန်ဆောင်မှုတွေဟာ ဥပဒေတွေကို လိုက်နာပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွေကို ဦးစားပေးဆောင်ရွက်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်ပြီး ဘဏ်တွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ကော်ပိုရိတ်ဖောက်သည်တွေရဲ့ အရောင်းအ၀ယ်အများအပြားက ပုံမှန်စီးပွားရေးလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ စွမ်းအင် အတွက် ငွေပေးချေမှုတွေဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီအရောင်းအဝယ်တွေဟာ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း လက်နက်ရောင်းဝယ်ရေးနဲ့ မချိတ်ဆက်ဘဲ စုစုပေါင်းတန်ဖိုးဟာ မနှစ်ကနဲ့ ယှဉ်ရင် သိသိသာသာ တိုးမလာကြောင်းနဲ့ ဘဏ်အနေနဲ့ တိကျမှန်ကန်မှုကို စစ်ဆေးဖို့အတွက် အဆိုပါငွေလွှဲမှုတွေ  မလုပ်ဆောင်ခင် သက်ဆိုင်ရာအာဏာပိုင်တွေဆီ အစီရင်ခံတင်ပြတယ်လို့လည်း SCB ဘဏ်က ပြောပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာထဲမှာတော့ မြန်မာစစ်တပ်က အရပ်ဘက်ပစ်မှတ်တွေကို လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်ဖို့ အသုံးပြုတဲ့  Mi-17 နဲ့ Mi-35 ရဟတ်ယာဉ်တွေအတွက် အစိတ်အပိုင်းတွေအပါအဝင် စင်ကာပူအခြေစိုက် အဖွဲ့အစည်းတွေကနေ အရင်က စစ်အုပ်စုရဲ့ ဝယ်ယူမှုတွေက အခုအခါမှာတော့ ထိုင်းနိုင်ငံက အရင်းအမြစ်တွေ ဖြစ်လာတယ်လို့ ဖော်ပြပါတယ်။

Source: Bangkokpost

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013