Home
နိုင်ငံတကာ
ကာကွယ်ရေးဝန်ကြီးဟောင်းကို လာဘ်စားမှုဖြင့် တရုတ်ကွန်မြူနစ်ပါတီ ထုတ်ပယ်
DVB
·
June 28, 2024
Photo-CCTV

တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာ ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖူကို လာဘ်စားမှုနဲ့ ထုတ်ပယ်ခဲ့ပါတယ်။

လီရှန်ဖူနဲ့ သူ့နေရာကို ဆက်ခံတဲ့ ‘ဝေ’ ကိုပါ ပါတီရဲ့ ချမှတ်ထားတဲ့ စည်းမျည်းမလိုက်နာမှုနဲ့ ထုတ်ပယ်ခဲ့တာပါ။

၂၀၂၃ အောက်တိုဘာလကတည်းက ထုတ်ပယ်ခံရတဲ့ လီရှန်ဖူဟာ အထုတ်မခံရမီ လူမြင်ကွင်းကနေ ၂ လကျော်ကြာ ပျောက်ကွယ်ခဲ့ပါတယ်။ သူ့သတင်းကလည်း တောင်တရုတ်ပင်လယ်သတင်း လွှမ်းမိုးမှုကြောင့် မထင်ရှားခဲ့ပါဘူး။

ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ လီရဲ့အမှုဟာ ကာကွယ်ရေးဌာနက ဆက်ခံတဲ့သူနဲ့ ဆက်စပ်တယ်လို့ ပါရှိပြီး ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ပါတီခေါင်းဆောင်တွေက လီရဲ့အမှုကို သုံးသပ်ခဲ့ပြီး ထုတ်ပယ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

CCTV ရုပ်သံရဲ့ ထုတ်ပြန်ချက်မှာတော့ လီဟာ ပါတီရဲ့မူဝါဒနဲ့ ခံယူချက်တွေကို ချိုးဖောက်တယ်လို့ ပါရှိပါတယ်။

လီဟာ သူ့ရာထူးကို အသုံးပြုပြီး လာဘ်စားမှုတွေ ပြုလုပ်ခဲ့သလို လာဘ်ပေးပြီး မသမာမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

လီနေရာမှာ ဆက်ခံတဲ့ ဝေကလည်း ပါတီရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ပြီး လာဘ်ပေးလာဘ်ယူမှု ပြလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ၂၀၂၃ က အနားယူခဲ့တဲ့ ဝေဟာ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပါတီမှာလည်း ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေပြီး လာဘ်စားမှုနဲ့ သံသယရှိသူတွေကို ဖမ်းဆီးအရေးယူလေ့ ရှိပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013