တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်နဲ့ တရုတ်မြို့တော် ပေကျင်းမှာ ဇွန် ၂၆ ရက်က တွေ့ဆုံခဲ့ပါတယ်။
နှစ်နိုင်ငံဆွေးနွေးပွဲမှာ ရှီက ချင်ကို ပြည်သူ့ခန်းမဆောင်မှာ ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အထွတ်အထိပ်ထိ တက်လှမ်းခဲ့တယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၆ လအတွင်း နယ်ပယ်အသီးသီးမှာ ကူးလူးဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာတာတွေကို အလေးပေး ပြောကြားခဲ့ပါတယ်။
တရုတ်-ဗီယက်နမ် နှစ်နိုင်ငံဟာ စီးပွားရေး အမြန်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရေရှည် လူမှုရေး တည်ငြိမ်မှုကို ထိန်းသိမ်းထားရင်း ‘ဆိုရှယ်လစ်စနစ်’ ပေါ်မှာ ဗီယက်နမ် လျှောက်နေတဲ့ လမ်းကြောင်းကို ရှီက ချီးကျူးအားပေးခဲ့ပါတယ်။
နှစ်နိုင်ငံအကြား အပြန်အလှန်သင်ယူမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ရှီက ဆက်ပြောပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်ဟာ ဇွန် ၂၄ ရက်ကစပြီး တရုတ်နိုင်ငံဆီ အလုပ်သဘော လာရောက်လည်ပတ်ခဲ့ပြီး လျောင်နင်းပြည်နယ် တာ့လျန်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
တရုတ်ဟာ ဗီယက်နမ်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံပါ။ ဗီယက်နမ်ဟာ ကုန်ထုတ်လုပ်နိုင်ရေးမှာ ပစ္စည်းတွေ၊ စက်ပစ္စည်းတွေအတွက် အိမ်နီးချင်း တရုတ်နိုင်ငံအပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။
Source-Reuters